Wednesday, December 13, 2023

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တောင်ကြီးမြို့ မြကန်သာပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

 

တောင်ကြီး    ဒီဇင်ဘာ     ၁၃

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြကန်သာပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲတွင် အဆိုပါပန်းခြံမုခ်ဦးရှေ့၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့် ပန်းပွားအက အဖွဲ့များတက်ရောက်ကြသည်။

ရှေးဦးစွာ ပန်းခြံအဝင်မုခ်ဦးကို ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့် ပြည်နယ်စည်ပင် သာယာရေးဌာန ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပန်းခြံဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ဖျန်းပက်ပေးကြကာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက် လာကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့် ပန်းပွားအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က မဟော်ဂနီပင်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်တို့က အာဖရိကန်ကျူးလစ်ပင်ကိုလည်းကောင်း အမှတ်တရစိုက် ပျိုးပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် ပန်းခြံအတွင်း ဖွင့်လှစ်ထားသည့် ဓာတ်ပုံနှင့်ပန်းချီအနုပညာပြခန်းကို ကြည့်ရှုအားပေးပြီး ပန်းခြံအတွင်းလှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ မြကန်သာပန်းခြံအတွင်း ပန်းခြံအဝင်မုခ်ဦးများ တည်ဆောက်ခြင်း၊ ရေကန်ပတ်လည်တွင် လူသွား လျှောက်လမ်းနှင့် တံတားများဆောင်ရွက်ခြင်း၊ ရေကန်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြစ်သည့် ကမ်းထိန်း ကျောက်စီနံရံနှင့် မြေကာနံရံများတည် ဆောက်ခြင်းနှင့် ရေထွက်၊ ရေကန်၊ တောအုပ်၊ သစ်ပင်၊ ရာသီပန်းများ၊ မြက်ခင်း မြေယာရှုခင်းအလှများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်ထား သည့်အပြင် ပြည်သူလူထုအပန်းဖြေနိုင်ရန် ကန်ရှုခင်းကြည့်ရှု သည့်နေရာများ၊ ကိုယ်လက် လှုပ်ရှားအားကစား ပစ္စည်းများ တပ်ဆင်ခြင်း၊ ဓာတ်ပုံနှင့် ပန်းချီအနုပညာရှင်များ၏ အနုပညာလက်ရာပြခန်း တည်ဆောက်ခင်း ကျင်းပြသခြင်း၊ အနားယူ အပန်းဖြေနိုင်ရန် နေရာရှုခင်းအလှများ ဖန်တီးခြင်းတို့ကို ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment