နေပြည်တော် ဒီဇင်ဘာ ၂၅
ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ပွဲတော်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ ခရစ်ယာန်အသင်းတော်များ၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်၊ ဓမ္မဆရာများ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ခရစ္စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်း ဖွင့်လှစ်ကြသည်။ ထို့နောက် လူမျိုးပေါင်းစုံ ခရစ်ယာန်အသင်းတော်၏ သိက္ခာတော်ရဆရာတော် ဦးကျော်အောင်နှင့် ကက်သလစ် ခရစ်ယာန်ဂေါပကအဖွဲ့ဝင် ဦးဒေါမနစ်တို့က ခရစ္စမတ်သဝဏ်လွှာအားဖတ်ကြားကြသည်။ ယင်းနောက် တိုင်းမှူးက ခရစ္စမတ်နေ့အထိမ်းအမှတ် ဂုဏ်ပြုငွေများပေးအပ်ရာ ကျောင်းများရှိ သိက္ခာတော်ရ ဆရာတော်များက လက်ခံရယူကြသည်။
ဆက်လက်၍ လူမျိုးပေါင်းစုံ ခရစ်ယာန်အသင်းတော်များအဖွဲ့နှင့် ခရစ်ယာန်ဘာသာဝင် စစ်သည်၊ မိသားစုဝင်များက ဓမ္မသီချင်းများ၊ ခရစ္စမတ် ဆုတောင်းသီချင်းများဖြင့် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment