နေပြည်တော် ဒီဇင်ဘာ ၂၂
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စက်မှုဌာနခွဲမှ ဝန်ထမ်းများအတွက် Basic Course For Broadcast Engineering သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Training Room ၌ ကျင်းပသည်။
ပေးအပ်ချီးမြှင့်
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က သင်တန်းဆင်းအမှာစကား
ပြောကြားပြီး သင်တန်းသားကိုယ်စားလှယ်တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်
သည်။
အဆိုပါသင်တန်းတွင် Power and Aircon၊ Basic Electronic Equipment၊ Audio
System၊ Video System၊ Lighting System ဘာသာရပ်များအပါအဝင် နည်းပညာဘာသာရပ် ၁၄ မျိုးကို
ဌာနတွင်းမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြင်ပနည်းပြများအဖြစ် ပြည်တွင်း၊ ပြည်ပနည်းပြများက
အွန်လိုင်းဖြင့် ဆက်သွယ်ပို့ချခြင်းအပါအဝင် လက်တွေ့လေ့ကျင့်ခြင်း၊ ကျွမ်းကျင်တတ်မြောက်မှု
ဆန်းစစ်ခြင်းများဖြင့် သင်တန်းသား ၁၅ ဦးအား ဒီဇင်ဘာ ၄ ရက်မှ ၂၂ ရက်အထိ သုံးပတ်ကြာ သင်ကြားလေ့ကျင့်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment