နေပြည်တော် အောက်တိုဘာ ၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လှော်ကား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံနှင့် အင်းစိန်မြို့နယ်ရှိ ရွာမသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
လှော်ကားသဘာဝဓာတ်ငွေ့သုံးဓာတ်အား ပေးစက်ရုံနှင့်
ရွာမသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ ရောက်ရှိရာ စက်ရုံ အစည်းအဝေးခန်းမများတွင်
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်က
ဓာတ်အားပေးစက်ရုံများဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေး စက်ရုံများ၏
နှစ်အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်ငွေ့ရရှိသုံးစွဲမှု၊ ဓာတ်အားပေးစက်များ
မောင်းနှင်၍ နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားများ
ထုတ်လုပ် ပို့လွှတ်ပေးနေမှုနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း
ဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်
ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက
လှော်ကားပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးမှုဆိုင်ရာအခြေအနေများနှင့်
ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကိုလည်းကောင်း
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံများအနေဖြင့်
အသစ်မတည်ဆောက်နိုင်မီ ကာလတွင် ရှိပြီးသား စက်ရုံများကို ပျက်စီးမှုမရှိစေရေး
စနစ်တကျထိန်းသိမ်းပြုပြင် မောင်းနှင်နေရန် လိုအပ်ပါကြောင်း၊ စက်ရုံများအား
ပုံမှန်ထုတ်လုပ်မောင်းနှင်နိုင်ရန် စက်များ၏ ကြံ့ခိုင်ရေးကိုလည်း စနစ်တကျ
စီမံချက်ရေးဆွဲ ဆောင်ရွက်ကြရန်၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည်
နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အလျောက် ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံတော်အပေါ်
သစ္စာစောင့်သိရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် အညီကျင့်ကြံနေထိုင်ကြရန်
လိုအပ်ကြောင်း မှာကြားခဲ့ပြီး စက်ရုံများရှိ ဝန်ထမ်းများနှင့်
ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားပေးစက်ရုံများရှိ
ဓာတ်အား ထိန်းချုပ်ခန်းများအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်၍
လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးနေမှု၊ ဓာတ်အားပေးစက်များ
မောင်းနှင်ဓာတ်အားထုတ်လုပ်မှုအခြေအနေနှင့် Myanmar Central Power
Co.,Ltd နှင့် UPP
POWER (MYANMAR) LIMITED တို့၏
ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment