Friday, September 1, 2023

အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ(၂၀၂၃-၂၀၂၈)မူကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် ဩဂုတ် ၃၁

အမျိုးသားအဆင့်မူပိုင်ခွင့််ဆိုင်ရာ မဟာဗျူဟာများ(၂၀၂၃-၂၀၂၈)မူကြမ်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။

မဟာဗျူဟာ ၆ ရပ် ချမှတ်ဆောင်ရွက်မည်

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာ (၂၀၂၃-၂၀၂၈)တွင်စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်မီကောင်းမွန်သောမူပိုင်ခွင့် စနစ်တစ်ရပ် တည်ထောင်ရန်ဟူသော မျှော်မှန်းချက်ဖြင့်မဟာ ဗျူဟာ ၆ ရပ် ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေး၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာရေးတို့အတွက် အထောက်အကူဖြစ်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ထောင်နိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြ သူများအနေဖြင့် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ပေါ်ပေါက်လာစေရန် ညှိနှိုင်းဆွေးနွေးကြစေလိုကြောင်းနှင့် အစည်းအဝေးမှရရှိလာမည့် ဆွေးနွေးချက်များနှင့်အညီ ပြင်ဆင်ပြီး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏(/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးတွင် တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံညွှန်ကြားရေးမှူးတို့က အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာများ(၂၀၂၃-၂၀၂၈)မူကြမ်းနှင့် စပ်လျဉ်း၍ သဘောထား မှတ်ချက်များတောင်းခံခဲ့မှု၊ ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ဒုတိယ ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment