ဩဂုတ် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ စုစုပေါင်း ၁၈ နာရီ ထုတ်လွှင့်သွားမည်
နေပြည်တော် ဇူလိုင် ၃၁
၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက် (ဝါဆိုလပြည့်နေ့)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော် တာဝန်ထမ်းဆောင်ခြင်း ၂ နှစ်နှင့် ၆ လပြည့်မြောက်မှု အထိမ်းအမှတ်နှင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးအဖြစ် ကမ္ပည်းမော်ကွန်းရေးထိုးနိုင်မည့် မာရဝိဇယ ရုပ်ပွား တော်မြတ်ကြီးကို နေပြည်တော်တွင် တည်ထားပူဇော်မှု အနေကဇာတင်လှူခြင်း အခမ်းအနား ကျင်းပမည့် အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် Hey Play Co., Ltd တို့ပူးပေါင်း၍ MRTV Farmers’ Channel နှင့် MRTV Sports Channel အဆင့်မြှင့်တင် ထုတ်လွှင့်မှု(Channel Rebranding) ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Auditorium ခန်းမ၌ ကျင်းပသည်။
ဖိတ်ကြားထားသူများ တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးဦးမောင်မောင်အုန်းနှင့်ဇနီး၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့်ဇနီး၊ ဦးအောင်နိုင်ဦး၊ ဒုတိယ ဝန်ကြီးဦးရဲတင့်၊ ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ Hey Play Co.,Ltd မှ တာဝန်ရှိသူများ၊ အနုပညာရှင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများနှင့် နိုင်ငံကျော်တေးသံရှင်များက သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး “ရှေ့သို့ ချီမည်ပန်းတိုင်ဆီ” Video Clip ကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက MRTV Farmers’ Channel နှင့် MRTV Sports Channel များအား အဆင့်မြှင့်တင်ထုတ်လွှင့် ခြင်း (Channel Rebranding) ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် စတင်ဆောင်ရွက်မည့် အခြေ အနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တေးသံရှင်ထူးအယ်လင်း သီဆိုထားသည့် “ကျွန်ုပ်တို့ မြန်မာပြည်”
တေးသီချင်းကို ဖွင့်လှစ်ပြသသည်။
ဆက်လက်၍ MRTV Farmers’ Channel Rebranding ဆိုင်ရာ ဆောင်ရွက်ချက်နှင့် MRTV Sports Channel Rebranding ဆိုင်ရာ ဆောင်ရွက် ချက် Promo Video Clip တို့ကိုပြသသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က MRTV Farmers’ Channel နှင့် MRTV Sports Channel တို့အား ဩဂုတ် ၁ ရက်မှ စတင်၍ အဆင့်မြှင့်တင်ထုတ်လွှင့်နိုင်ရန် Channel များအလိုက် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ဂုဏ်ပြုပန်းခြင်းများ ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံသို့ MRTV Farmers’ Channel နှင့် MRTV Sports Channel အဆင့်မြှင့်တင်ထုတ်လွှင့်နိုင်ခြင်း အတွက် အဆိုပါ Channel များ စတင်ထုတ်လွှင့်ချိန်မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြစ်ကြသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးနှင့်သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမြင့်သူရတို့က ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ကြသည်။
ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “သွေးချင်းတို့ဌာနေ မြန်မာပြည်” သီချင်းဖြင့် စုပေါင်းကပြ ဖျော်ဖြေတင်ဆက်ကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ လက်ရောက် ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းနောင်တို့က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအဖွဲ့များအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးအောင်နိုင်ဦးနှင့် ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က ပြင်ပအနုပညာရှင်အဖွဲ့များအားလည်းကောင်း ဂုဏ်ပြု ပန်းခြင်းများ ပေးအပ်ကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရုပ်မြင်သံကြား သတင်းထုတ်လွှင့်မှုအခန်း Convergence News Room၊ MRTV HD၊ MRTV News Channel ထုတ်လွှင့်ခန်းများ၊ Farmers’ Channel နှင့် Sports Channel ထုတ်လွှင့်ခန်း များ၊ MRTV News Channel News Studio နှင့် Farmers’ News Studio တို့အား လည်းကောင်း ကဏ္ဍတစ်ခုချင်းစီအလိုက် စိတ်ဝင်စားစွာ လိုက်လံကြည့်ရှုအားပေးကြသည်။
MRTV Farmers’ Channel ကို လယ်ယာကဏ္ဍဆိုင်ရာ ခေတ်မီစိုက်ပျိုးမွေးမြူနည်းစနစ်များ၊ စိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာ၊ အတွေ့အကြုံ၊ အသိပညာဗဟုသုတရရှိစေရန် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင်၍လည်းကောင်း၊ MRTV Sports Channel ကို အားကစားနည်းစနစ် များ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ ပြည်တွင်း၊ ပြည်ပအားကစားပွဲများ ကြည့်ရှုနိုင်ရန် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်၍ လည်းကောင်း ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ Hey Play Co., Ltd နှင့် ပူးပေါင်း၍ အစီအစဉ်များ အဆင့်မြှင့်တင်ခြင်း Rebranding ဆောင်ရွက်ပြီး ဩဂုတ် ၁ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ စုစုပေါင်း ၁၈ နာရီကို ထုတ်လွှင့်သွားမည် ဖြစ်သည်။
Channel အသစ်များ ထုတ်လွှင့်နိုင်ရန်စီစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရုပ်သံနှင့်ရေဒီယို FM အစီအစဉ်များကိုနေ့စဉ် ထုတ်လွှင့်လျက်ရှိရာ ရုပ်သံထုတ်လွှင့်မှုအား DVB– T2 စနစ်ဖြင့် In – House Channel ခြောက်ခုအပါ အဝင် ပုဂ္ဂလိက Channel များ ထည့်သွင်းပြီး Channel ၁၈ ခုဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည့် အပြင် DTH စနစ်ဖြင့်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ In–House Channel များဖြင့် ထုတ်လွှင့်လျက်ရှိရာမှ ယခုအခါရုပ်သံ မီဒီယာဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပုဂ္ဂလိလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် Channel အသစ်များ ထပ်မံထည့်သွင်းထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။
သတင်းစဉ်
No comments:
Post a Comment