Tuesday, August 1, 2023

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇူလိုင် ၃၁

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့ရှိ အမှတ်() သံမဏိစက်ရုံ(မြင်းခြံ)သို့ရောက်ရှိပြီး Phase-2 & 2A တို့တွင် ပါဝင်သည့် Hot Strip Mill အတွင်း စက်များတပ်ဆင်ထားရှိမှု၊ Meltshop-2 အတွင်း စက်များတပ်ဆင် ထားရှိမှု၊ Scrap များ စုပုံနိုင်ရေးအတွက် မြေနေရာသတ်မှတ် ရွေးချယ်ထားရှိမှု၊ Sub-Station အတွင်း လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုနှင့် အောက်ဆီဂျင်ထုတ်လုပ်ရေးအလုပ်ရုံ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံခွဲများအတွင်းရှိ တပ်ဆင်ပြီး စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်ရန်၊ PLC စနစ်များ ပြုပြင်နိုင်ရေး အတွက် ကြိုတင်စစ်ဆေးထားရန်၊ တပ်ဆင်ထားရှိသည့် ကရိန်းများကို စမ်းသပ်မောင်းနှင်ရန်၊ စက်ရုံအတွင်း လျှပ်စစ်သွယ်တန်းထားမှုအခြေအနေကို လျှပ်စစ်စစ်ဆေးရေးဌာနမှ စစ်ဆေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်၊ Phase-2 စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်အဖွဲ့ (Project Team) ဖွဲ့စည်းရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အဆိုင်းစနစ်ဖြင့် ဆောင်ရွက်မည့် အစီအမံများရေးဆွဲတင်ပြရန်နှင့် ဝန်ထမ်းများအား သံမဏိထုတ်လုပ်သည့် နည်းပညာများ လေ့ကျင့်သင်ကြားပေးရန်၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန်မှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက စက်ရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရန်၊ စက်ရုံအတွင်းရှိ စက်ပစ္စည်းကိရိယာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မိမိဝန်ထမ်းများဖြင့် ဆောင်ရွက်နိုင်ရေး လေ့ကျင့်သင်ကြားပေးရန်နှင့် လုပ်ငန်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment