Thursday, August 31, 2023

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆောင်ရွက်ပြီးစီး သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့တက်ရောက်

 



လားရှိုး ဩဂုတ် ၃၁

ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၉) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။

 


အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပန်းခင်းစီမံချက် (၂) ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်သည်။

ထို့နောက် ပန်းခင်းစီမံချက် (၂) ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ခြင်းအတွက် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လားရှိုးမြို့နယ်အတွင်း Biometric ကိုယ်ရေးအချက်အလက်များ ကောက်ယူသည့် လုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြခြင်းကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)

No comments:

Post a Comment