Thursday, August 31, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ထိပ်သီးအစည်းအဝေးတက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


 ရန်ကုန် ဩဂုတ် ၃၀

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ထိပ်သီး အစည်းအဝေး (International Transport Summit 2023) သို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

 နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို ဩဂုတ် ၂၄ ရက်မှ ၂၆ ရက် အထိ မော်စကို အစိုးရပို့ဆောင် ရေးနှင့် လမ်းပန်းဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုဌာနနှင့် ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနတို့ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး မျက်မှောက်ခေတ် နိုင်ငံများ၏ မြို့တော်များတွင် လက်ရှိကြုံတွေ့နေရသည့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ပြဿနာများအတွက် ဆွေးနွေးနိုင်မည့် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများတွေ့ဆုံရာ စင်္ကြံတစ်ရပ်ဖြစ်ပေါ် လာစေရေးနှင့် ပို့ဆောင်ရေးဆိုင်ရာကဏ္ဍတွင် မြို့တော်များအကြား ဆက်ဆံရေး ပိုမိုအားကောင်းလာစေပြီး အနာဂတ်ပူးပေါင်းဆောင် ရွက်မှုများဆုံးဖြတ်ရေးကို ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment