Tuesday, August 1, 2023

ရွေးကောက်ပွဲအခင်းအကျင်းအတွက် နိုင်ငံ၏အခြေအနေ

 



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေစဉ် ကာလအတွင်း ရှေ့လုပ်ငန်းစဉ် () ရပ်နှင့် ဦးတည်ချက် (၁၂) ရပ် တို့ကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ရှေ့လုပ်ငန်းစဉ် ()ရပ်အနက်အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော ရှေ့လုပ်ငန်းစဉ် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသည့်အခါတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တာဝန်များလည်း ပြီးဆုံးသွားမည်ဖြစ်သည်။

လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိနေရန်ပင်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရန်အတွက် ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်းသည် အရေးကြီးဆုံးပင်ဖြစ်ပြီး နိုင်ငံအတွင်းရှိပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်အတွက် တစ်နိုင်ငံ လုံးအကြားအလပ်မရှိ ကျင်းပပေးနိုင်ရန်လိုအပ်သည်။ ထို့အပြင် နိုင်ငံသားတစ်ဦးချင်းစီက ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်ရာတွင်လည်း ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ မတရား တိုက်တွန်းမှု၊ လူအုပ်စုဖြင့် အနိုင်ကျင့်လွှမ်းမိုးမှု စသည့်မတရားမှုများ ပကတိကင်းစင်နေရန်လည်း လိုအပ်သည်။

လက်ရှိကာလတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ယခင်ကထက် လျော့နည်းလာပြီးဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့ အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့က စစ်ကိုင်းတိုင်းဒေသကြီး အချို့မြို့နယ်များ၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး အချို့မြို့နယ်များ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်စသည်တို့မှ အချို့မြို့နယ်များတွင် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများ၊ မီးရှို့ဖောက်ခွဲဖျက်ဆီးမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများ ရှိနေဆဲဖြစ်သည်၊၊ နိုင်ငံရေးမတည်ငြိမ်မှုများနှင့်အတူ ဦးဆောင်မှုအမျိုးမျိုး၊ အမည်အမျိုးမျိုးနှင့် ဂိုဏ်းဂဏများစွာ ကွဲပြားနေပြီး လက်နက်ကိုယ်စီကိုင်ဆောင်ထားကြသည့် အကြမ်းဖက်အုပ်စုကွဲများ လှုပ်ရှားမှုရှိနေသည့် ဒေသများတွင် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပြန်လည်ရရှိမှသာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အကြောက်တရားကင်းကင်း၊ ဖိအားရှင်းရှင်းနှင့် လွတ်လပ်၍တရားမျှတစွာ ကျင်းပနိုင်မည်ဖြစ်သည်။

နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပရာတွင် အဓိကအကျဆုံးဖြစ်သည့် မဲစာရင်းများ မှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့အပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများပြင်ဆင်၊ စည်းရုံးချိန်များတွင် လုံခြုံရေးအရ ခြိမ်းခြောက်မှုများကို တွေ့ကြုံနေရာ ဆိုခဲ့ပါအခြေအနေများအရ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးတို့အတွက် မဖြစ်မနေဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းအတွက် ရွေးကောက်ပွဲသည် မဖြစ်မနေကျင်းပသွားရမည်ဖြစ်သော်လည်း မဆီလျော်သည့် အခြေအနေမျိုးတွင်ဖြစ်သလိုကျင်းပလိုက်ရသည့် ရွေးကောက်ပွဲမျိုးကနိုင်ငံအတွက် ပို၍အန္တရာယ်ကြီးမည်ဖြစ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတစ်ဝန်း လုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား နောက်ထပ်()လ သက်တမ်းတိုးမြှင့်ခြင်းနှင့်အတူ ရွေးကောက် ပွဲအခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:

Post a Comment