နေပြည်တော် ဇူလိုင် ၃၀
ကွာလာလမ်ပူမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဂါနာနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စစ်ဖလောရင့်ဘူအာကီအကိုနောအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။
မစ္စစ် ဖလောရင့် ဘူအာကီအကိုနောကို ၁၉၆၉ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်တွင် ဂါနာနိုင်ငံ၊ ကူမာစီမြို့ရှိ သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ စီးပွားရေးနှင့် သမိုင်းဘာသာ အထူးပြုဘွဲ့ကိုလည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် ဂါနာတက္ကသိုလ်မှ နိုင်ငံတကာရေးရာ မဟာဘွဲ့ကိုလည်းကောင်းရရှိခဲ့သည်။ ၎င်းသည် ၁၉၉၇ ခုနှစ်တွင် ဂါနာနိုင်ငံခြားရေးနှင့် ဒေသဆိုင်ရာ ပေါင်းစည်းရေး ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်အထိ ရာထူးအသီးသီးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၀၀ ပြည့် နှစ်မှ ၂၀၀၄ ခုနှစ်အထိ နယူးဒေလီမြို့ရှိ ဂါနာမဟာမင်းကြီးရုံးတွင် ဌာနအကြီးအကဲအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ဂါနာနိုင်ငံခြားရေးနှင့် ဒေသဆိုင်ရာ ပေါင်းစည်းရေးဝန်ကြီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အီသီယိုးပီးယားနိုင်ငံ၊ အဒစ် အဘာဘာမြို့ရှိ ဂါနာသံရုံးတွင် သံမှူးကြီးအဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဂါနာနိုင်ငံခြားရေးနှင့် ဒေသဆိုင်ရာပေါင်းစည်းရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကနေဒါနိုင်ငံ၊ အော်တာဝါမြို့ရှိ ဂါနာမဟာမင်းကြီးရုံးတွင် သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့ရှိ ဂါနာမဟာမင်းကြီးရုံးတွင် သံအမတ်အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဂါနာနိုင်ငံခြားရေးနှင့် ဒေသဆိုင်ရာပေါင်းစည်းရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာအထိ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ဂါနာသံရုံးတွင် သံအမတ်/ ယူနက်စကိုဆိုင်ရာ ဒုတိယအမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ လက်ရှိအချိန်ထိ မလေးရှားနိုင်ငံဆိုင်ရာ ဂါနာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
သတင်းစဉ်
No comments:
Post a Comment