နေပြည်တော် ဇူလိုင် ၃၀
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းအခမ်းအနားနှင့် ရေစက်ချမဟာမင်္ဂလာအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
မှာကြား
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပွဲတော်မတိုင်မီ အများဆုံးသုံးစွဲသည့် ဝန်အားများအတိုင်း စမ်းသပ်မောင်းနှင်ထားရန်၊ သွယ်တန်းထားသည့် ဓာတ်အားလိုင်းများ မတော်တဆ ထိခိုက်ပြတ်တောက်မှု မဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန်၊ ဓာတ်အားလိုင်း လမ်းကြောင်းတစ်လျှောက်နှင့် ခွဲရုံများတွင်လည်း တာဝန်များအပိုင်းလိုက်ချထားရန်၊ အရန်မီးစက်များထားရှိသည့် နေရာဝန်းကျင်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် စနစ်တကျဆောင်ရွက်ရန်၊ မိုးတွင်းကာလဖြစ်သဖြင့် ရေများဝပ်မနေစေရေးအတွက် ရေထွက်မြောင်းများ စနစ်တကျ ပတ်လည်တူးဖော်ထားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်း အခမ်းအနားများ ကျင်းပပြုလုပ်မည့်နေရာ၊ သံဃာတော်များ သီတင်းသုံးမည့် နေရာ၊ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးမည့် ဓာတ်အားခွဲရုံများနှင့် အရန်မီးစက်များနေရာချထားမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment