Tuesday, July 11, 2023

ဖျာပုံမြစ်ဝတွင် သောင်တင်နေသော ကုန်တင်ရေယာဉ်တစ်စီးအား တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြန်သွားကင်းလှည့်ရေယာဉ်မှ ကူညီဆောင်ရွက်ပေး

နေပြည်တော် ဇူလိုင် ၁၀

တပ်မတော် (ရေ) ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်း တာဝန်ထမ်းဆောင်နေသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၉ ရက်နေ့ ည ၁၁ နာရီခန့်အချိန်၌ ဖျာပုံမြစ်ဝတွင် ကုန်တင်ရေယာဉ်တစ်စီး သောင်တင်နေကြောင်းသတင်းရရှိသဖြင့်သွားရောက်ခဲ့ရာ ဖျာပုံမြို့မှမြိတ်မြို့သို့ ထွက်ခွာလာသော MV LASHIO ကုန်တင်ရေယာဉ်သည် တက်မထိန်းစနစ် ချို့ယွင်းပြီး သောင်တင်လျက်ရှိနေသည်ကိုတွေ့ရှိသဖြင့် ကုန်တင်ရေယာဉ်ပေါ်ရှိ ရေလုပ်သားများအား ကျန်းမာရေးနှင့် အခြားလိုအပ်သည့် အကူညီပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ကူညီဆောင်ရွက်ပေးရာတွင် ဖျာပုံမြစ်ဝဒီရေအမြင့်ဆုံးအချိန်ဖြစ်သည့် ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီခန့်တွင် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်ဖြင့် သောင်တင်နေသည့် MV LASHIO ကုန်တင်ရေယာဉ်အား သောင်မှလွတ်မြောက်အောင် ကူညီတွဲဆွဲစေခဲ့သည်။ ၎င်းနောက် အဆိုပါ ရေယာဉ်သည် တက်မထိန်းစနစ် ချို့ယွင်းလျက်ရှိသဖြင့် MV ချမ်းလတ်လတ် ကုန်တင်ရေယာဉ်မှ Side Tow ဆွဲ၍ ဖျာပုံမြို့တွင် ပြန်လည်ပြုပြင်နိုင်ရေးတို့ကို အဆင်ပြေအောင်မြင်အောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment