နေပြည်တော် ဇူလိုင် ၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိ သူများနှင့်အတူ ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက အင်းစိန်မြို့နယ်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဂျပန် - မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း ကွပ်ကဲမှုအောက်ရှိ ရတနာဂဟေဆက် နည်းပညာ သင်တန်းကျောင်းကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းတာဝန်ခံက ကျောင်းဆိုင်ရာ
အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ကွန်ပျူတာအခြေပြု Welding Simulator များ အသုံးပြု၍
လေ့ကျင့်သင်ကြား ပေးနေမှုများ၊ အလုပ်ရုံများတွင် Arc Welding Training
Course ၊ Gas Metal Arc Welding Train-ing
Course နှင့် Pipe Welding Training Course များကို
လေ့ကျင့်သင်ကြားပေးနေမှုများနှင့် အခြားလက်တွေ့ သင်ကြားပေးနေမှုများ ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အသေးစား၊ အငယ်စားနှင့်အလတ်စား စီပွားရေးလုပ်ငန်း (MSME) များဆိုင်ရာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်၊ လူငယ်များအလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် လူတစ်ဦးချင်းဝင်ငွေ မြင့်မားရေး အတွက် အခရာကျသည့် သက်မွေးပညာရပ်ဖြစ်သဖြင့် လုပ်ငန်းခွင်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်း တမ်းဖြစ်ရန်နှင့် သတ်မှတ်စံနှုန်းများအတိုင်း ကျွမ်းကျင်မှုစစ်ဆေးခြင်းများကို တိတိကျကျလိုက်နာဆောင်ရွက်သွားရန်၊ အရည်အသွေး တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းများကို ပုံမှန်ဖွင့်လှစ် ဆောင်ရွက်သွားရန်၊ သင်တန်းဆင်းများကို NSSA (National Skill Standard Authority) လက်မှတ်ရရှိရေးနှင့် On The Job Training တက်ရောက်ရေး ဆောင်ရွက်ပေးသွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်မလိုလားအပ်သော ထိခိုက်မှုများ မဖြစ်ပေါ်စေရေး သတ်မှတ် Guidelines များအတိုင်း အစဉ်တစိုက် ဆောင်ရွက်သွားရန်နှင့် အလုပ်ရုံများနှင့် သင်ထောက်ကူ ပစ္စည်းများကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်သွားရန် မှာကြားခဲ့ သည်။
သတင်းစဉ်

No comments:
Post a Comment