နေပြည်တော် ဇူလိုင် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA)၏ ယာယီအကြီးအကဲ Ms. Danielle Parry ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNOCHA တို့အကြား သဘောတူညီမှုစာလွှာအသစ် လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ UNOCHA ၏ Head of Office ဖြစ်သူ မြန်မာနိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်မည့် အခြေအနေ၊ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရေး အသေးစိတ်အစီအစဉ်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment