Sunday, July 9, 2023

မြန်မာပြည်မှ ဈေးကွက်ဝင် ပနားမီးပုစွန်ဖြူကို တရုတ်နှင့်ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိ

 

ရန်ကုန် ဇူလိုင် ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ မွေးမြူထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည့် ပနားမီးပုစွန်ဖြူကို တရုတ်နှင့်ဂျပန် နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ပနားမီးပုစွန်ဖြူကို မြိတ်ကျွန်းစု၌ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် စတင်မွေးမြူခဲ့ပြီး ပင်လယ်ရေ သန့်ရှင်းမှုကြောင့် ပုစွန်မွေးမြူမှု ပိုမိုအောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ခိုင်မာသော ပြည်ပဈေးကွက်ရရှိပါက ယခုထက်ပိုမိုမွေးမြူရန် ရေလုပ်ငန်းရှင်များက အသင့်ရှိနေကြသည့် အပြင် ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များကလည်း ပင်လယ်ပြင်တွင် ငါး/ပုစွန်ဖမ်းဆီးမှုထက် သုံးလမွေးမြူပါက ငွေပေါ်သော ပနားမီးပုစွန်ဖြူမွေးမြူမှုကို ပိုမိုစိတ်အားထက်သန် လျက်ရှိကြောင်း သိရသည်။

ပနားမီးပုစွန်ဖြူကို မြိတ်ကျွန်းစုတွင် တစ်ဟက်တာ (နှစ်ဧကခွဲ) အကျယ်ရှိသော ပုစွန်ကန် ၂၀၀ ကျော်နှင့် ကော့သောင်းတွင် ကန် ၁၀၀ ခန့် မွေးမြူလျက် ရှိပြီး ထားဝယ်တွင်မွေးမြူရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ ပုစွန်ကန်ဧက ၁၀၀ ၌ ဧက ၄၀ ကို ပင်လယ်ရေ သိုလှောင်သန့်စင်သောကန်အဖြစ် ထိန်းသိမ်းထားရှိ၍ ကျန်သောဧက ၆၀ တွင် မွေးမြူ ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment