တောင်ကြီးမြို့ ဇူလိုင်၂၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဦးအောင်ဇော်အေးက စစ်မှုထမ်းဟောင်းအဖွဲ့သည် တပ်မတော်မှာ သက်ပြည့်နှင့်
တာဝန်များထမ်းဆောင်ပြီး၍သော်လည်းကောင်း၊ ကျန်းမာရေးကြောင့်သော် လည်းကောင်း၊ အသီးသီးပါဝင်
စစ်မှုထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်ကအတိုင်း ပေးအပ်သည့်တာဝန်များကို
စစ်သားကောင်းပီသစွာနှင့် ပုခုံးပြောင်းယူ ဆက်လက်တာဝန် ထမ်းဆောင်သူများဖြစ်ပါကြောင်း၊
တပ်မတော်သည် နိုင်ငံတော်ကို ကိုယ်စားပြုသလို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကိုလည်း
ပြည်သူနှင့် အမြဲထိတွေ့မှု ရှိနေသည့်အတွက် တပ်မတော်နှင့် ပြည်သူအကြား ပေါင်းကူးတံတားသဖွယ်
ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယနေ့တက်ရောက် လာသည့် စစ်မှုထမ်းဟောင်းအဖွဲ့ကို ပြောကြားလိုသည်မှာ
ကျန်းမာရေးဂရုစိုက်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ရန်လိုအပ်ပါကြောင်း၊
ဆေးကုသရာတွင် အခက်အခဲရှိပါက ဆက်သွယ်မေးမြန်း ဆောင်ရွက်ရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်
ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးစရာ များရှိပါက တင်ပြဆွေးနွေးကြရန် ပြောကြားသည်။
ဆက်လက်၍
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား
စားစရာပစ္စည်း များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
ဒုတိယတိုင်မှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က
ထောက်ပံ့ပေးအပ်ရာ တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်းတယမြို့နယ်၊
ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ရွာငံမြိုု့နယ်၊ ဖယ်ခုံမြို့နယ်၊
စစ်မှုထမ်း ဟောင်းအဖွဲ့မှ အသီးသီးလက်ခံကြပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) စစ်မှုထမ်းဟောင်း
ကြီးကြပ်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမြင့်ရွှေ (အငြိမ်းစာ)မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် (၃၃၄၄)ဦး အရံ (၆၇၆၁)ဦး စုစုပေါင်း
(၁၀၁၀၅)ဦးတို့ကို စားသောက်ဖွယ်ရာများဖြစ်သော အာလူး၊ကြက်သွန်၊ ကြက်ဥ၊ ဆား ပစ္စည်း(၄)မျိုး
တို့ကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)




No comments:
Post a Comment