မုံရွာ ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက် ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် သုံးသပ်၍အကောင်းဆုံးဆောင်ရွက်နိုင် ရေးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ချေးငွေများနှင့်အခွန်အခများအား အပြည့် အဝကောက်ခံရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများအနေဖြင့် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ လုပ်ငန်းများဆောင် ရွက်ရာတွင် သက်ဆိုင်ရာဌာနများ အချင်းချင်းပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုအပ်သကဲ့သို့ ခရိုင်/မြို့နယ်များစီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့်လည်း မြေပြင်တွင်ဆောင်ရွက်နေရသည့် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခင်ဘဏ္ဍာနှစ် ကြွေးကျန် များနှင့် ပတ်သက်၍ ကောက်ခံရန်ကျန်ရှိသည့် ကြွေးကျန်များအား အပြည့်အဝကောက်ခံရရှိရေး အလေး ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လျာထားချက်ပြည့်မီကျော်လွန်သည့် ဌာနအဖွဲ့အစည်းများအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် လည်းအရှိန်အဟုန်မပျက် ရသင့်ရထိုက်သည့် အခွန်အခများရရှိရေး ဆက်လက်ဆောင်ရွက်သွား ရန်လိုအပ်သကဲ့သို့ ကျန်ရှိသည့်ဌာနအဖွဲ့အစည်းများ အနေဖြင့်လည်း လျာထားချက်ပြည့်မီရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ချေးငွေကြွေးမြီ နှင့်အခွန်အခများ အပြည့်အ၀ကောက်ခံရရှိရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှ အကောင် အထည်ဖော်ဆောင်ရွက်ရပြီး ခရိုင်၊ မြို့နယ်များမှ အနီးကပ်ကြပ်မတ်အကောင်အထည်ဖော် ရခြင်းဖြစ်သဖြင့် မိမိတို့ခရိုင်/မြို့နယ်များအတွင်းရှိ အခွန်ပေးဆောင်ထိုက်သူများကို ဥပဒေနှင့် အညီ အခွန်ပေးဆောင်နိုင်ရေးအတွက် ထိထိမိမိ၊ဖိဖိစီးစီး ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။
ယင်းနောက်
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင်
မိမိတို့ဌာနများအလိုက်ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေးငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ
လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး
တင်ပြကြသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့၊ ကလေးခရိုင်၊
ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်
စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များ
အတွင်းရှိမြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ
လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် လည်းကောင်း၊
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်များ၏ ရသင့်ရထိုက် သည့်အခွန်အခများနှင့်
ချေးငွေများအပြည့် အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများအား
အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက်
တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက်လာသူ များက တိုင်းဒေသကြီးအတွင်း
ရသင့်ရထိုက်သည့်အခွန်အခများနှင့် ချေးငွေများအပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍
အထွေထွေဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)
No comments:
Post a Comment