Wednesday, July 12, 2023

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 


နေပြည်တော် ဇူလိုင် ၁၁

မိုခါမုန်တိုင်းသင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ရိပ်သာခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး၊ GW-11 အထွက် တိုးမျိုးစပါးများ စိုက်ပျိုးနိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့က ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင်ပေးရေးတို့ကိုမှာကြားပြီး ပြည်နယ်ဦးစီးမှူးက လုပ်ငန်းလိုအပ်ချက်တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ် သမဝါယမဦးစီးဌာနရုံး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး ပြန်လည်ပြုပြင်တည်ဆောက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် စစ်တွေမြို့နယ် အောင်မင်္ဂလာရပ်ကွက်နှင့် ရွာသစ်ကေကျေးရွာတို့ကို ဆက်သွယ်ပေးထားသော အရှည် ၈၅ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသံပေါင်နှင့် သစ်သားကြမ်းခင်းတံတား ပြန်လည်ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment