မြိတ် ဇူလိုင် ၂၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့သို့ရောက်ရှိပြီး အင်းလေးမြိုင်စက်မှုဇုန်ရှိ အဆောင်ကောင်း စက်မှုလုပ်ငန်း များကုမ္ပဏီ၊ Vantage ကုမ္ပဏီ၊ ထူးထူးတိုးကုမ္ပဏီပိုင်အအေးခန်း စက်ရုံနှင့် ငါးအသားလွှာစက်ရုံ၊ ငါးအမှုန့်ကြိတ် စက်ရုံများသို့သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ်
တာဝန်ရှိသူများက ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ
လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမား အဖွဲ့အစည်းနှင့် စက်ရုံတွင်း အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ
(WCC) ဖွဲ့စည်းဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ကျန်းမာရေး
ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက်
ဒုတိယဝန်ကြီးက ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးခြင်းဖြင့်လုပ်သားများ၏ လူမှုစီးပွားဘဝကိုတိုးတက်စေနိုင်ပြီး
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊
အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်လိုကြောင်း
မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီးသည် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှအလုပ်ရှင်၊
အလုပ်သမားများကို လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့တက်ရောက်၍
အမှာစကား ပြောကြားပြီး (အောက်ဝဲပုံ) ပထော်၊ ပထက်ကျေးရွာရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့်
အောင်မြတ်ဖြိုးကုမ္ပဏီပိုင် အအေးခန်းစက်ရုံ၊ ငါးအမှုန့်ကြိတ် စက်ရုံ၊ ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းနှင့်
သစ်အချောထည်စက်ရုံများသို့ လှည့်လည်ကြည့်ရှု၍ အလုပ်သမားရေးရာ အငြင်းပွားမှုများလျော့နည်းကျဆင်းစေရေး၊
မျှတသည့်အလုပ်သမားရေးရာ
ဆက်ဆံမှုထူထောင်နိုင်ရေး၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့်
အလုပ်သမား အဖွဲ့အစည်းများသည် အလုပ်ရှင်နှင့်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment