နေပြည်တော် ဇူလိုင် ၂၇
မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီ တင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေး အတွက် ဆီထွက်သီးနှံများပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်သဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ယင်းလုပ်ငန်းများအောင်မြင်ရေးအတွက်
ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and
Evaluation) အဖွဲ့ခေါင်းဆောင်ဖြစ်သော သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း
အတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့
နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများကို
ကွင်းဆင်းကြီးကြပ် စစ်ဆေးသည်။
အမြဲတမ်းအတွင်းဝန်သည်
တပ်ကုန်းမြို့နယ်ထန်းတောကြီး ကျေးရွာရှိကျော်သန်းဆီစက်၊ ခရမ်းစပ်ကုန်းကျေးရွာရှိ စိန်စီဆီစက်နှင့်ဆရာစံရပ်ကွက်ရှိ
ရန်နိုင်ဆီစက်တို့သို့ သွားရောက်ပြီး ချေးငွေထုတ်ယူပြီးစီးမှုအခြေအနေ၊ ချေးငွေစီမံချက်ပါအတိုင်း
ဆီစက်လုပ်ငန်းတွင် အမှန်တကယ်လိုက်နာသုံးစွဲမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးကာ လုပ်ငန်းအခက်အခဲများအပေါ်
ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment