မကွေး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေး ထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၇/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေး တိုင်းဒေသကြီးအတွင်း
စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီကျော် လွန်စေရေးအတွက်(အဓိကသီးနှံ- ၁၀ မျိုး)ကို
မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊
မိမိတို့နိုင်ငံမှ တောင်သူများသည် စပါးစိုက်ပျိုးရာတွင် ကွန်ပေါင်း ဓာတ်မြေသြဇာကို
အလွယ်သုံးစွဲနေကြသဖြင့် ငွေကုန်ကြေးကျများပြီး စိုက်စရိတ် မြင့်တက် လာခြင်းကြောင့်
ကွန်ပေါင်းဓာတ်မြေသြဇာ တင်သွင်းမှုကိုလျှော့ချရန်နှင့် စပါးသက်တမ်း အလိုက်
အမှန်တကယ်လိုအပ်သည့် အာဟာရကို
ပေးစွမ်းနိုင်သည့် ဓာတ်မြေသြဇာ အမျိုးအစား များကိုသာ သုံးစွဲနိုင်ရေး
တောင်သူနားလည်အောင် ပညာပေးဆွေးနွေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
လက်ရှိစိုက်ပျိုးမြေတွင် စိုက်ဧကများ သိသိသာသာ တိုးတက်လာခြင်းမရှိဘဲ အချို့နေရာများ၌
လျော့ကျသွားသည်ကိုတွေ့ရသလို အထွက်နှုန်းအနေဖြင့်လည်း ကိန်းဂဏန်း များသာ
တိုးတက်နေပြီး မြေပြင်တွင် သိသိသာသာ တိုးတက်လာခြင်း မရှိသဖြင့် စိုက်ဧကများ ပြည့်မီအောင်
စိုက်ပျိုးရေးနှင့် သီးနှံများအထွက် တိုးအောင်စိုက်ပျိုးရေးတို့ကို အလေးတား
ဆောင်ရွက်ရန်နှင့် မိုးစပါးများ
ပန်းတိုင်အထွက်နှုန်း ရရှိစေရေး လက်ရှိစိုက်ပျိုးလျက်ရှိသည့် မျိုးများအစား
အထွက်နှုန်းကောင်းသည့် ဆာဖိုးသာ၊ GW 11 စသည့်
မျိုးများကို စိုက်ပျိုးနိုင် ရေးနှင့် ဧရိယာ(ဧက)တိုးတက်စေရေးအတွက်
သီးထပ်စိုက်ပျိုးနိုင်ရေး နည်းပညာ၊ မျိုး ပံ့ပိုးခြင်း၊ ကွင်းဆင်း စည်းရုံးခြင်း
လုပ်ငန်းများအား သက်ဆိုင်ရာဌာန
ကွင်းဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ မပျက်မကွက်ဆောင်ရွက်စေရေး
အထူးအလေးထားပြီး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊
အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတု ပူပြင်း ခြောက်သွေ့လာကာ မိုးခေါင်ရေရှားသဖြင့်
သီးနှံအထွက်နှုန်းများ ကျဆင်းလာနိုင်သည့်အတွက် ရေအားချွေတာနိုင်ရန်
သီးနှံစိုက်ပျိုးရာတွင် ပထမ အဆင့် အနေဖြင့် မိုးရေကိုသိုလှောင်သုံးစွဲရန်၊
ဒုတိယအဆင့်အနေဖြင့် မြစ်ရေအားတင်၍သုံးစွဲရန်နှင့် တတိယအဆင့်အနေဖြင့် မြေအောက် ရေကို
ထုတ်ယူသုံးစွဲရန် သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရန်ပြောလိုကြောင်း၊ တိုင်းဒေသကြီး အတွင်း
ဆီထွက်သီးနှံဖြစ်သော နှမ်းသီးနှံမှာ(၁)ဧက(၂၀)တင်း သာထွက်ရှိပြီး မြေပဲသီးနှံမှာ (၁)ဧက
တင်း(၇၀) ခန့် ထွက်ရှိသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသဖြင့် ဆီထွက်သီးနှံ အထွက်နှုန်း
တိုးတက်စေရေးအတွက် နှမ်းသီးနှံအစား မြေပဲသီးနှံအား အစားထိုးစိုက်ပျိုးစေရေး
တောင်သူများအား အသိပညာပေး စည်းရုံးဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ စိုက်ဧက တိုးတက်စေရေးအတွက်
မြေနေရာတိုးချဲ့ခြင်းမပြုဘဲ လက်ရှိစိုက်ပျိုးမြေတွင် သီးထပ်/ သီးညှပ်
စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် စိုက်ပျိုးရာတွင်လည်း မိရိုးဖလာ
စိုက်ပျိုးခြင်းမဟုတ်ဘဲ နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး
အောက်ခြေဝန်ထမ်းများမှ အလေးထားဆောင်ရွက်စေရေး အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်
ပြောကြားလိုကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေ သကြီး၏
အဓိကသီးနှံ- ၁၀ မျိုး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး၊
ဆီထွက်သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေးနှင့် နေကြာသီးနှံစိုက်ဧက တိုးချဲ့
စိုက်ပျိုးခြင်း ပြည်ပစားသုံးဆီလျော့ချ၍ ပြည်ထောင်စု၏ စားသုံးဆီဖူလုံမှုအား အထောက်
အကူပြု နိုင်စေရေးကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်
အကောင်အထည်ဖော်ရေးအဖွဲများ အနေဖြင့် အောင်မြင်အောင် ကြိုးပမ်းအကောင်
အထည်ဖော်ဆောင်ရွက်သွားရန် မှာကြား လိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍
တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မျူးကြီး ကျော်ကျော်လင်း က
တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးဆိုင်ရာများနှင့် ပတ်သက်၍
အကြံပြု ဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး
ဦးမျိုးအောင်က တိုင်းဒေသကြီး ဆီထွက်သီးနှံ
ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၃)
ဆုံးဖြတ်ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြကာ၊
တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်း
ကဏ္ဍအလိုက် ရှင်လင်းတင်ပြဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ
ခရိုင်အုပ်ချုပ်ရေး မှူးများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေး
နွေးတင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့်
ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ




No comments:
Post a Comment