ထွန်းသစ်စစက်မှုလုပ်ငန်းဆိုသည်မှာ ဖွံ့ဖြိုး တိုးတက်မှု၏ အစပိုင်းအဆင့်တွင်ရှိသော ထုတ်ကုန် အသစ် သို့မဟုတ် စိတ်ကူးသစ်တစ်ခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသော စက်မှုလုပ်ငန်းစုတစ်ခုဖြစ်သည်။ ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုတွင် ပုံမှန်အားဖြင့် ကုမ္ပဏီအနည်းငယ်သာပါဝင်ပြီး နည်းပညာအသစ်များကို အဓိကထားလေ့ရှိသည်။ နည်းပညာတစ်ခုသည် တစ်စုံတစ်ခုအခက်ကြုံနေရချိန် ၎င်းနည်းပညာဟောင်းနေရာကို အစားထိုး မည့်အခါတွင် ထွန်းသစ်စစက်မှုလုပ်ငန်းများ ပေါ်ပေါက်လာပါသည်။
ထွန်းသစ်စစက်မှုလုပ်ငန်းများ
(Emerging Industries) ကြောင့် ကုမ္ပဏီများ၏ စတော့ရှယ်ယာ များသည်လည်း မကြာခဏမငြိမ်မသက်ဖြစ်လေ့ရှိပြီး
ဈေးနှုန်းအတက်အကျ အပြောင်းအလဲ ကြီးကြီးမားမားများကို ကြုံတွေ့ရနိုင်သည်။ အထူးသဖြင့်
လုပ်ငန်းရပ်တည်ရန် ဝင်ငွေနည်းသေးသည့် အချိန် သို့မဟုတ် အမြတ်မရသေးသည့်အချိန်တွင် ထိန်းထားရန်ခက်နိုင်ပါသည်။
ထွန်းသစ်စစက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းမှာ အတော်လေး မြင့်မားသည့် စွန့်စားမှုများဖြစ်နိုင်သဖြင့်ကနဦး
ရင်းနှီးမြှုပ်နှံသူများသည် နောက်ထပ်ကုမ္ပဏီကြီး များမှ ဤလုပ်ငန်း၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန်
မျှော်လင့်ချက်ဖြင့် ကြိုးစားကြရပါသည်။
ထွန်းသစ်စစက်မှုလုပ်ငန်းကို
ဘယ်လိုနားလည်သလဲ
ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုသည်
အမြတ်အစွန်းရရှိရန် နှစ်ပေါင်းများစွာ ကြာတတ်ပါသည်။ အစောပိုင်း လည်ပတ်မှုကုန်ကျစရိတ်များမှာ
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) ကုန်ကျ စရိတ်များသည် အများဆုံးပါဝင်ပါသည်။
ထွန်းသစ်စ စက်မှုလုပ်ငန်းများမှ ပေါ်ပေါက်လာသော ထုတ်ကုန်၊ ဝန်ဆောင်မှု သို့မဟုတ် နည်းပညာကို
လူများစွာကကျယ်ကျယ်ပြန့်ပြန့် မသိနိုင်ကြသဖြင့်ခိုင်မာသည့် အမာခံဖောက်သည်မရှိနိုင်ပါ။
ထို့ကြောင့် စျေးကွက် ရှာဖွေရေးစရိတ်များလည်း ကြီးမြင့်လာမည်ဖြစ်သောကြောင့် ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုရှိ
ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံသူများနှင့် စားသုံးသူများကို ၎င်းတို့၏ထုတ်ကုန်၊
ဝန်ဆောင်မှု သို့မဟုတ် နည်းပညာတို့၏ တန်ဖိုးအရည်အသွေးတို့ဖြင့် ဆွဲဆောင်ထားနိုင်ရမည်ဖြစ်သည်။
ထွန်းသစ်စစက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကြီးစွာသောစွန့်စားမှုမှ ရရှိနိုင်သော
ဆုလာဘ်တစ်ခု ဖြစ်သည်။
စက်မှုလုပ်ငန်းသံသရာ
စက်မှုလုပ်ငန်းသံသရာစက်ဝန်းတွင်
လုပ်ငန်း စတင်ခြင်း၊ တိုးတက်ခြင်း၊ တုန်လှုပ်ခြင်း၊ ရင့်ကျက် ခြင်းနှင့် ကျဆင်းခြင်းစသည့်
အဆင့်ငါးဆင့်ပါဝင်သည်။ ထွန်းသစ်စစက်မှုလုပ်ငန်းများသည် ဝင်ငွေအနည်းငယ်သာရရှိခြင်း၊
အခြေခံစားသုံးသူမရှိခြင်း၊ ထောက်ပံ့ရေးကွင်းဆက်များ မဖွံ့ဖြိုးသေးခြင်း၊ ထုတ်ကုန်အသစ်မှာလူအများနှင့်
ရင်းနှီးမှုမရှိသေးခြင်းတို့ကြောင့် လုပ်ငန်းစတင်သည့်အဆင့်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။
ထွန်းသစ်စစက်မှုလုပ်ငန်းများ၏
လက္ခဏာများ
ယှဉ်ပြိုင်သူနည်းခြင်း
- ဖွံ့ဖြိုးတိုးတက်မှုအစောပိုင်းအဆင့်တွင်ရှိသော လုပ်ငန်းတစ်ခုသည် လုပ်ငန်းအနည်းငယ်သာ
ပါဝင်နိုင်သဖြင့် လုပ်ငန်းအချင်းချင်းပြိုင်ဆိုင်မှု နည်းပါးပါသည်။
တိုးတက်မှုအလားအလာကောင်းခြင်း
- စက်မှု လုပ်ငန်းအသစ်များသည် လူတစ်ဦးချင်းစီအတွက် အလုပ်အကိုင်ဖန်တီးပေးခြင်းဖြင့်
ဈေးကွက်ကိုချဲ့ထွင်နိုင်သည်။ လုပ်ငန်းသည် အမြတ်အစွန်းများလာပါက ဆက်လက်တိုး၍ချဲ့ထွင်နိုင်သည်။
ဥပမာအားဖြင့် 3D ပရင်တာများနှင့် အလိုအလျောက် မောင်းနှင်နိုင်သည့်ယာဉ်များသည် အသစ်ဖန်တီး
ထားသော နည်းပညာများဖြစ်ပြီး နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းတစ်ခုအဖြစ် တိုးတက်မှုအလား
အလာများ ဆက်လက်ပြသနေကြောင်း နည်းပညာလောကတွင် သတ်မှတ်ခံရပါသည်။
စွန့်စားမှုနှင့်
မတည်ငြိမ်မှု မြင့်မားခြင်း - ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုတွင် လုပ်ငန်းတစ်ခု ဖော်ဆောင်ခြင်းသည်
လုပ်ငန်းလည်ပတ်မှုအတွက် ကုန်ကျစရိတ်ကာမိစေရန် လုံလောက်သောရန်ပုံငွေ မပြည့်စုံပါကအလွန်အန္တရာယ်များပါသည်။
၎င်းတို့၏ ထုတ်ကုန်အသစ်မှာ ဝယ်ယူသူသို့မဟုတ်စားသုံးသူများနှင့် မရင်းနှီးသေးသောကြောင့်
ဈေးကွက်ကိုရှာဖွေရန်မှာလည်း ခက်ခဲနေသေးသဖြင့် ယင်းလုပ်ငန်းကိုဝယ်ယူရန် သို့မဟုတ် ရင်းနှီးမြှုပ်နှံရန်
ချီတုံချတုံဖြစ်စေသည်။
စီးပွားရေးအပိုင်း
အားနည်းနေသေးသဖြင့် စျေးနှုန်းကြီးမြင့်ခြင်း - စီးပွားရေး လုပ်ငန်းများ သည် ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင်
ထိရောက်မှုရှိ မှသာ စျေးနှုန်းချိုသာစွာဖြင့် ထုတ်ကုန်ယူနစ်များ ပိုမိုထုတ်လုပ်နိုင်သောကြောင့်
အတိုင်းအတာတစ်ခုအထိ သက်သာရာရနိုင်ပါသည်။ ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခုရှိ စီးပွားရေးလုပ်ငန်းများသည်
ထိရောက်သော ထောက်ပံ့ရေးကွင်းဆက်နှင့် ဖြန့်ဖြူးရေးလမ်းကြောင်းကို ဖန်တီးရှာဖွေနေဆဲဖြစ်
သောကြောင့် စီးပွားရေးအပိုင်း၌ အတိုင်းအတာ တစ်ခုအထိ အားနည်းနေပါသည်။
လုပ်ငန်းနယ်ပယ်သို့
ဝင်ရောက်ရန် အတားအဆီးနည်းပါးခြင်း - ပြိုင်ဘက် အနည်းငယ်သာရှိသောကြောင့် စျေးကွက်အတွင်းသို့
ဝင်ရောက်ရန်လွယ်ကူပါသည်။ ကုမ္ပဏီများသည် လုံလောက်သော ငွေကြေးအရင်းအမြစ်များနှင့် အလားတူထုတ်ကုန်တစ်ခုကို
တီထွင်ဖန်တီးရန် အသိပညာရှိသရွေ့ စျေးကွက်ထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
ထွန်းသစ်စစက်မှုလုပ်ငန်းများအတွက်
ကြုံတွေ့နိုင်သည့် အတားအဆီးများ
နယ်ပယ်သစ်တွင်
ယှဉ်ပြိုင်ရန်လိုအပ်သော ကျွမ်းကျင်မှုအဆင့်ကြောင့် ထွန်းသစ်စစက်မှု လုပ်ငန်းသည် နယ်ပယ်အတွင်းဝင်ရောက်ရန်
အတားအဆီးများ မြင့်မားနိုင်သည်။ အဆိုပါ အတားအဆီးများမှာ ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက်
အရင်းအမြစ်များရှားပါးခြင်း၊ စီးပွားရေးကိုအတိုင်းအတာတစ်ခုအထိ အခွင့်ကောင်းမယူနိုင်ခြင်း၊
လုံလောက်သောဘဏ္ဍာငွေမရှိခြင်း၊ အစိုးရကန့်သတ်ချက်များရှိခြင်း၊ တည်ထောင်ထားနှင့်ပြီး
သော ကုမ္ပဏီများထံမှ ပြိုင်ဆိုင်မှုများနှင့် ကြုံရခြင်းတို့ ပါဝင်သည်။
သို့သော်လည်း
ဤအတားအဆီးများကြားမှ လုပ်ငန်းနယ်ပယ်အသစ်တစ်ခုသို့ ဝင်ရောက်လာသူ များသည် အားသာချက်ကို
စောစောသိရှိရန် ကြိုးပမ်းခြင်းအားဖြင့် ဝင်ရောက်လာကြလိမ့်မည်။ ၎င်းတို့သည် ငွေကြေးတတ်နိုင်လျှင်
ကျွမ်းကျင်သော ပုဂ္ဂိုလ်များကို ငှားရမ်း၍ လွှမ်းမိုးမှုအားကောင်းသော အကြံပေးများ၏
ဝန်ဆောင်မှုများဖြင့် လုံခြုံစိတ်ချစွာ လုပ်ငန်းကို လည်ပတ်စေမည်ဖြစ်သည်။ သို့သော် အဆိုပါဝင်ရောက်လာသူအများစုသည်
၎င်းတို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို စျေးကွက် အတွင်းသို့ ယူဆောင်လာရာတွင်
ကျွမ်းကျင်မှု သို့မဟုတ် လုံလောက်သောရန်ပုံငွေမရှိသည်ကို နောက်ဆုံးတွင် ကြုံတွေ့တတ်ကြပြီး
တစ်ချိန်ချိန် တွင် လုံးလုံးကျရှုံးသွားကြပါသည်။
စားသုံးသူအပေါ်
သစ္စာရှိမှုနှင့်ထုတ်ကုန်နှင့် အကျွမ်းတဝင်ရှိစေခြင်း- လူအများစုသည် ထွန်းသစ်စစက်မှုလုပ်ငန်းများအကြောင်း
သတိမထားမိကြသောကြောင့် အလားအလာရှိသော ထုတ်ကုန်အသစ် သို့မဟုတ် ဝန်ဆောင်မှုအသစ်များ၏
အားသာချက်များအား အကျွမ်းတဝင်ရှိစေရန် ကုမ္ပဏီများသည် စျေးကွက်ရှာဖွေရေးတွင် ရင်းနှီး
မြှုပ်နှံခြင်းဖြင့် ကူညီပေးရန် လိုအပ်ပါသည်။
ငွေကြေးမြှုပ်နှံမှုအားနည်းခြင်း
- ရင်းနှီးမြှုပ်နှံသူများသည် အပြည့်အဝမဖွံ့ဖြိုးသေးသော လုပ်ငန်း တစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်
တွန့်ဆုတ်နေနိုင်ပါသည်။ ဤကုမ္ပဏီများနှင့် ဆက်နွှယ်နေသော ငွေကြေးဆိုင်ရာအန္တရာယ်များ
ပိုမိုကြီးမားလာတတ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း မကြာသေးမီနှစ်များအတွင်း စွန့်ဦးတီထွင်သူများသည်
အရင်းအနှီးရင်းမြစ်များကို လက်လှမ်းမီ လာကြသည်။ ယခုအခါ ထွန်းသစ်စစက်မှုလုပ်ငန်းများကို
ငွေကြေးထောက်ပံ့အားပေးရန် ရည်ရွယ်ချက် ဖြင့် ကုန်သွယ်မှုအတွက် ဖလှယ်သောငွေကြေး ရန်ပုံငွေ
(Exchange traded fund - ETFs) အများ အပြားကိုလည်း တည်ထောင်လာကြပါသည်။
ကန့်သတ်ချက်များနှင့်
စည်းမျဉ်းများရှိခြင်း - စက်မှုလုပ်ငန်းအသစ်ဖြစ်ပြီး မရင်းနှီးသေးသောကြောင့် အစိုးရသည်
လုပ်ငန်းဆောင်ရွက်မှုများအပေါ် ကန့်သတ်ချက်များ သို့မဟုတ် စည်းမျဉ်းများချမှတ်နိုင်သည်။
၎င်းသည် လုပ်ငန်းများကို ထိရောက်စွာလည်ပတ်ရန် ဆောင်ရွက်ရာတွင် အတားအဆီးများ ကြုံရနိုင်သည်။
သုတေသနနှင့်
ဖွံ့ဖြိုးရေးအတွက်ကုန်ကျစရိတ် မြင့်မားခြင်း - လုပ်ငန်းအသစ်များသည် ထုတ်ကုန် အသစ်တစ်ခုကို
ထူထောင်ရန်အတွက်လုံလောက်သော ဝန်ထမ်း၊ အရင်းအမြစ်များနှင့် အသိပညာများမပိုင်ဆိုင်ကြပါ။
ထို့ကြောင့် ၎င်းတို့သည် သုတေသနနှင့်ဖွံ့ဖြိုးရေးအတွက် ငွေကြေးများစွာသုံးစွဲရန် လိုအပ်ပါသည်။
ပေးသွင်းသူမရှိခြင်း
- ထုတ်ကုန်အသစ်ပေါ်မူတည်၍ လုပ်ငန်းများအတွက် လုံလောက်သော ကုန်ကြမ်းများကို ပေးသွင်းရန်ခက်ခဲနိုင်သည်။
ထို့ကြောင့် ကုန်ပစ္စည်းပေးသွင်းသူများသည် မှန်ကန်သောကုန်ကြမ်းများ ရှာဖွေရာ၌ အမျိုးမျိုးသောအခက်အခဲများ
ကြုံတွေ့နိုင်ခြင်းကြောင့် လုပ်ငန်းသစ်တစ်ခုနှင့်လက်တွဲရန် တွန့်ဆုတ်နေနိုင်ပါသည်။
ထွန်းသစ်စစက်မှုလုပ်ငန်းများအတွက်
အလားအလာရှိသော မဟာဗျူဟာများ
တန်ဖိုးနည်းခြင်း။
စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ပြိုင်ဘက်များနှင့် နှိုင်းယှဉ်လျှင် စျေးနှုန်း
ချိုသာစွာဖြင့်စျေးကွက်တွင် အားသာချက်ရရှိစေရန် ကုန်ကျစရိတ်သက်သာအောင် ဆောင်ရွက်ခြင်းမှာ
မဟာဗျူဟာတစ်ခုဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်း သည် စားသုံးသူများ၏ ဝယ်လိုအားကို တိုးစေပြီး
လုပ်ငန်းမှာလည်း ဝင်ငွေတိုးစေနိုင်သည်။
ကွဲပြားခြင်း။
ကုမ္ပဏီများသည် တစ်မူထူးခြားပြီး ကွဲပြားခြားနားသော ထုတ်ကုန်များကို ပံ့ပိုးပေး နိုင်ရန်
ရည်မှန်းချက်ထားကြသည်။ သို့မှသာ ၎င်းတို့ ၏ ပြိုင်ဘက်များနှင့် အလှမ်းကွာစေပြီး ပြိုင်ဆိုင်မှု
အားသာချက်ကို ရရှိစေမည်ဖြစ်သည်။
မဟာဗျူဟာကျသောမိတ်ဖက်။
ကုမ္ပဏီနှစ်ခုသို့မဟုတ် ထိုထက်ပိုသောကုမ္ပဏီများသည် ထုတ်ကုန်အသစ်တစ်ခုကို အတူတကွထုတ်လုပ်ရန်
မိတ်ဖက်အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်သည်။
အချင်းချင်းပြိုင်ဘက်ဖြစ်မည့်အစား
ကုမ္ပဏီများ သည် အမြတ်အစွန်းတိုးရန် အချင်းချင်းပူးပေါင်း လုပ်ဆောင်နိုင်သည်။
ဖက်စပ်လုပ်ကိုင်ခြင်း။
ဖက်စပ်လုပ်ငန်းတစ်ခုတွင် ပိုင်ဆိုင်မှုများ၊ အရင်းအမြစ်များနှင့် လည်ပတ်မှုများကို
ပေါင်းစပ်ရန်အတွက် သီးခြားလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖွဲ့စည်းရန် အနည်းဆုံးကုမ္ပဏီနှစ်ခုပါဝင်ပါသည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကုမ္ပဏီများသည် ပိုမိုကြီးမားသော စျေးကွက်တစ်ခုသို့ ဝင်ရောက်နိုင်ပြီး
ငွေကြေးဆိုင်ရာစွန့်စားမှုများကို မျှဝေနိုင်စေပါသည်။
Emerging
Industries ၏ ဥပမာများ
ယနေ့ခေတ်တွင်
ထွန်းသစ်စစက်မှုလုပ်ငန်း နည်းပညာအသစ်များဖြစ်သည့် စွမ်းအင်သစ်သုံး ယာဉ်များ (New
Energy Vehicles)၊ စက်ရုပ်များ၊ အစစ်အတိုင်းမြင်ရသည့် ပုံရိပ်ရောင်နည်းပညာ
(virtual reality)၊ 5G ကွန်ရက်များ၊ Blockchain နည်းပညာ၊ ဉာဏ်ရည်တု (Artificial
Intelligence- AI) နှင့် အလိုအလျောက်မောင်းနှင်သည့်ကား (self- driving car) တို့ကို
အာရုံစိုက်လာကြသည်။ ဇီဝနည်းပညာလုပ်ငန်း (biotechnology industry) သည် ထွန်းသစ်စစက်မှုလုပ်ငန်းတစ်ခု
သို့မဟုတ် တိုးတက်မှုအလားအလာရှိသည့် ကဏ္ဍတစ်ခုဟု ယူဆနိုင်ပြီး immunotherapy နှင့်
မျိုးဗီဇကုထုံးများတွင် အောင်မြင်မှုများ ကြုံတွေ့နေပါသည်။
ယခင်က
ထွန်းသစ်စစက်မှုလုပ်ငန်းများသည် ယနေ့ခေတ်တွင် ကောင်းမွန်စွာထူထောင်ထား သော စက်မှုလုပ်ငန်းများဖြစ်သည်ဟု
ယူဆကြသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်တွင် ကမ္ဘာကြီးသည် အင်တာနက်ကို ထွန်းသစ်စလုပ်ငန်းတစ်ခုအဖြစ်
သိရှိခဲ့သည်။ နည်းပညာသစ်၌ ရင်းနှီးမြှုပ်နှံရန် ရာနှင့်ချီသော ကုမ္ပဏီများကို ဖွဲ့စည်းခဲ့သည်။
Dotcom Bubble ကုမ္ပဏီသည် အင်တာနက်အခြေခံ စတော့ရှယ်ယာများတွင်နွားဈေးကွက်ကို လှုံ့ဆော်ပေးသည့်ကုမ္ပဏီအဖြစ်
လျင်မြန်စွာပျံ့နှံ့လာပြီး ၂၀၂၂ ခုနှစ်များတွင် Dotcom Bubble ကုမ္ပဏီပြိုလဲပြီး အများသူငါ
ရောင်းဝယ်ဖောက်ကားသည့် ကုမ္ပဏီများစွာ ပြိုလဲသွားခဲ့သည်။ သို့သော် အင်တာ နက်အခြေခံ
ထွန်းသစ်စစက်မှုလုပ်ငန်းအဖြစ် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သော ကုမ္ပဏီ များဖြစ်သည့်
Google ၊ eBay နှင့် Amazon တို့မှာ ထွန်းသစ်စအင်တာနက်လုပ်ငန်းအတွက် ကောင်းမွန်စွာတည်ထောင်နိုင်ခဲ့ကြသော
စံပြုသူ များ ဖြစ်လာကြပါသည်။
ထည့်သွင်းစဉ်းစားရမည့်အရာများ
ရင်းနှီးမြှုပ်နှံသူအများအပြားသည်
ထွန်းသစ်စစက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ၎င်းတို့၏ အစုရှယ်ယာများကို
တိုးပွားလာစေရန် စိတ်ဝင်စားကြသည်။ သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု၏ အစောပိုင်းအဆင့်တွင်ရှိသော
တစ်ဦးချင်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်သော စွန့်စားရမှုများသည်
ရင်းနှီးမြှုပ်နှံသူအများအပြားအတွက် အဟန့်အတားဖြစ်စေပါသည်။
ကဏ္ဍအသစ်၊
နည်းပညာအသစ်များကို အားပေးသည့် ကုန်သွယ်မှုအတွက် ဖလှယ်သော ငွေကြေးရန်ပုံငွေ
(Exchange traded fund - ETFs) သည် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်စားရမှုအချို့ကိုလျော့ပါးစေပါသည်။
ဥပမာအားဖြင့် ဉာဏ်ရည်တုနှင့် စက်ရုပ်ကုမ္ပဏီများအတွက် အဓိကသီးသန့် ETFs များ ရှိပါသည်။
Blockchain ETFs သည်လည်း blockchain နည်းပညာပါဝင်သော ကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံပါသည်။
Biotech ETFs များသည်လည်း ဆေးပညာတိုးတက်မှုအတွက် ပြုလုပ်နေသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသူများ
ထိတွေ့မှုရရှိစေရန် ရေပန်းစားလာပါသည်။
ထို့ကြောင့်
ထွန်းသစ်စစက်မှုလုပ်ငန်းများကို နေစတင်ထွက်လာသည့် စက်မှုလုပ်ငန်းများ ဟုလည်း ခေါ်ဆိုကြပါသည်။
ယခုအခါ ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာမှု၏ အကျိုးဆက် အဖြစ် စွမ်းအင်သစ်သုံးယာဉ်များ
(New Energy Vehicles) သည်လည်း နည်းပညာသစ် ထွန်းသစ်စ လုပ်ငန်းအဖြစ် ပေါ်ထွက်လာပြီး
ယင်းတို့အနက် လက်ရှိအချိန်တွင် လျှပ်စစ်ကားများ (Electric Vehicles-EV) သည် ကမ္ဘာတွင်လူအများ၏အာရုံစိုက်မှု
အများဆုံးရရှိနေသည့် နည်းပညာသစ်ဖြစ်လာနေပါသည်။ လျှပ်စစ်အသုံးပြုယာဉ်များနှင့် ဆက်စပ်သည့်
ဓာတ်အားသွင်းခြင်း (Charging) နှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး
နည်းပညာသည်လည်း Electric Vehicles-EV နည်းပညာသစ်နှင့် ယှဉ်တွဲပေါ်ထွက် လာသည့် ထွန်းသစ်စစက်မှုလုပ်ငန်း
နည်းပညာသစ် ဖြစ်လာပါသည်။
ထို့အပြင်
ကမ္ဘာ့စီးပွားရေး၏ အနာဂတ်သည် ဉာဏ်ရည်တု (Artificial Intelligence - AI) တွင်လည်း တည်ရှိနေပါသည်။
AI သည် ၂၀၂၃ ခုနှစ်၏ အလျင်မြန်ဆုံးကြီးထွားလာသော စက်မှု လုပ်ငန်းတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ထားကြပြီးတန်ဖိုးအားဖြင့်
$328.34 ဘီလီယံခန့်ရှိနေပြီဟု ခန့်မှန်းထားကြပါသည်။ လက်ရှိအချိန်တွင် AI သည် ကျန်းမာရေးစောင့်ရှောက်မှု၊
ဘဏ္ဍာရေးနှင့်သယ်ယူပို့ဆောင်ရေးကဲ့သို့သော လုပ်ငန်းအများအပြားကို တော်လှန်ပြောင်းလဲလာခဲ့ပြီး
အခြားကဏ္ဍများ တွင်လည်း မည်သို့ပါဝင်ပြောင်းလဲလာမည်ကို ကမ္ဘာတစ်ဝန်း အာရုံစိုက်မိနေသည့်
ထွန်းသစ်စ နည်းပညာသစ်လုပ်ငန်းဖြစ်လာပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ကိုးကား
• https://www.investopedia.com/terms/e/emergingindustry
• https://corporatefinanceinstitute.com/resources/valuation/emerging-industry/
ကိုချင်း

No comments:
Post a Comment