Wednesday, June 28, 2023

ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Dr. Nikolay Listopadov အား လက်ခံတွေ့ဆုံ

 


နေပြည်တော် ဇွန် ၂၇

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Dr. Nikolay Listopadovအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၏ အလားအလာကောင်းများနှင့် အခွင့်အလမ်းကောင်းများ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဖိုရမ်များ၊ အွန်လိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားရေး၊ ရုရှား- မြန်မာ Charter Flight များ ပြေးဆွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment