နေပြည်တော် ဇွန် ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅) ၌ လက်ခံတွေ့ဆုံသည်။
နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ်
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရထားပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊
ကျွမ်းကျင်သူကိုယ်စားလှယ်များ အပြန်အလှန်စေလွှတ်ရေး၊ တိုက်ရိုက်လေကြောင်း ခရီးစဉ်တိုးချဲ့ပျံသန်းရေးနှင့်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို
ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ဌာနအကြီးအမှူးများ၊ ရုရှား-မြန်မာ
ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ
တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment