Friday, June 9, 2023

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးသွားသော ဓာတ်အားလိုင်းများအားအင်တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိ၊ လမ်းမီးများ ထွန်းညှိဆောင်ရွက်ပေး

 

နေပြည်တော် ဇွန် ၈

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦး ခရိုင်တို့တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၁၁/ဝ.၄ ကေဗွီ ဓာတ်အား ခွဲရုံများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပြီး ၂၃၀ ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းအပါဝင် ၆၆ ကေဗွီ ဓာတ်အားလိုင်းများ၊ ၃၃ ကေဗွီဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့၍ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံနှင့် ပေါက်တောမြို့များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။

လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြောက်ပိုင်းဒေသရှိ မြို့နယ်များ တွင် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ရရှိ‌ရေး ဓာတ်အားလိုင်း ပြန်လည်ပြင်ဆင်ရေးအဖွဲ့များ စေလွှတ်၍ သက်ဆိုင်ရာ မြို့နယ်ရုံးနှင့် ဓာတ်အားခွဲရုံအဖွဲ့တို့ဖြင့် ပူးပေါင်းပြီး အင်တိုက်အားတိုက် ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ဇွန် ၇ ရက် တွင် ၂၃၀ ကေဗွီ အမ်း-မြောက်ဦး- ပုဏ္ဏားကျွန်း ဓာတ်အားလိုင်း ပြင်ဆင်ခြင်း လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ် သဖြင့် ပုဏ္ဏားကျွန်း ဓာတ်အား ခွဲရုံမှ ပင်မ ထရန်စဖော်မာသို့ ဓာတ်အား ဆက်လက်ပို့လွှတ်ခဲ့ကာ ယင်းထရန်စဖော်မာမှ ပုဏ္ဏား ကျွန်း-စစ်တွေ အမှတ် (၁) ဓာတ်အားလိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တို့သို့ ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင် ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်တွေမြို့ မြို့ပေါ် မိန်းလမ်းမကြီးတစ်လျှောက် မေ ၂၅ ရက်မှစတင်၍ ကားကြီးဝင်း- မီးစက်ကြီးဝိုင်း၊ မီးစက်ကြီးဝိုင်း-နာရီစင်၊ နာရီစင်-ဘီလူးမတံတား၊ ဘီလူးမတံတား - ဆတ်ရိုးကျ တံတား လမ်းတစ်လျှောက်တွင် ည ၇ နာရီမှ ၁၀ နာရီအထိ လမ်းမီးများကို ၅၀၀ ကေဗွီအေ မီးစက်အသုံးပြု၍ ထွန်းညှိပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့် ဖုန်းများ၊ လျှပ်စစ်မီးလုံးများနှင့် အခြားဘက်ထရီ အားသွင်းလျှပ်စစ်ပစ္စည်းများ အသုံးပြုနိုင် ရန်အတွက် ကားကြီးဝင်း၊ မီးစက်ကြီးဝိုင်း၊ လောကနန္ဒာဘုရားရှေ့၊ မြို့နယ်အခွန်ရုံးရှေ့၊ အစိုးရအဖွဲ့ရုံးရှေ့၊ ယဉ်ကျေးမှုပြတိုက်၊ လေယာဉ်ကွင်းလမ်းဆုံနှင့် ဘီလူးမတံတားထိပ် စသည့်နေရာများတွင် Charging Point နေရာများ ထပ်တိုးစီစဉ်ဆောင်ရွက်ပေးထားလျက် ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment