နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကိုနှင့် ဒေါ်သင်းသင်းနွဲ့တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁၃/၂၀၂၂ (မကွေး)နှင့် ၁၄/၂၀၂၂ (မွန်)၊ တရားမ အထူးအယူခံမှုအမှတ် ၄၃/၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၂ (မန္တလေး) နှင့် ၃၆/၂၀၂၂ (မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၂)မှုနှင့် တရားမအထူးအယူခံမှု (၃)မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၀၃/၂၀၁၉ (မန္တလေး)၊ ၂၀/၂၀၂၁ (ကချင်)နှင့် ၄၆/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူး အယူခံမှု (၃)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment