သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China- ASEAN Culture Forum)သို့ တက်ရောက်ရန် ယနေ့နံနက် ၁၁နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ
သံမှူးကြီးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment