နေပြည်တော် ဇွန် ၁၆
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများပြေပျောက်စေရန်အတွက် ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ရှိ နယ်မြေခံရဲတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင်
စစ်သည်/ စစ်သမီးများက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်း အဆို/အကများ၊
တေးသရုပ်ဖော်အကများ၊ ရယ်ရွှင်ဖွယ်ရာ ဟာသပြဇာတ် ၊ ဒေသ၏ရိုးရာယဉ်ကျေးမှုအကအလှများ၊ ဗဟုသုတဖြစ်ဖွယ်ရာအသိပညာပေး
အစီအစဉ်များဖြင့်ကဏ္ဍစုံလင်စွာ သီဆိုကပြဖျော်ဖြေကြရာ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များပျော်ရွှင်စွာ ကြည့်ရှုအားပေးကြသည်။
ထိုကဲ့သို့ သီဆိုကပြဖျော်ဖြေသော စစ်သည်/ စစ်သမီးများအား တာဝန်ရှိသူများက ဆုငွေများ
ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment