နေပြည်တော် ဇွန် ၁၆
နိုင်ငံရေးပါတီ
တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့
လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၇ ပါတီကို တည်ထောင်ခွင့်ပြုပြီး
ဖြစ်ပါသည်။
အဆိုပါ
တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၇ ပါတီအနက် အမျိုးသားအကျိုးစီးပွား တိုးတက်ရေးပါတီ
(NIDP)က ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း
နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးပါရန်
လျှောက်ထားလာခြင်းဖြစ်ပြီး အဆိုပါပါတီကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment