၁။မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၂။ထိုသို့ကြေညာရာတွင်အခြားသော အီလက်ထရွန်နစ်ငွေပေး
ချေမှုစနစ်နှင့် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် လှူဒါန်းနိုင်ရန်
ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထပ်မံအသိပေးကြေညာသွားမည်ဟု ပါရှိပါသည်။
၃။လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့်
ဖွင့်လှစ်ထားသည့် အကောင့်သို့လှူဒါန်းမှုပြုနိုင်ရေး ကြေညာထားပြီး
ဖုန်းနံပါတ်ဖြင့် လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ် အစား
QR ဖြင့်
လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
၄။KBZ Pay ၊ Wave Money တို့ဖြင့်
လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave
Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အား
ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၅။ယခုအခါ ပြည်သူများလှူဒါန်းမှုပြုလုပ်ရာတွင်
ပိုမိုအဆင်ပြေစေရေး ပြည်သူများအသုံးပြုမှုများပြားသည့် CB Pay ၊ AYA Pay၊ OK $ နှင့် UAB pay တို့ဖြင့်လည်း
လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီး ဖြစ်သဖြင့် QR အား Scan
ဖတ်ခြင်း၊ QR တွင်ပါဝင်သော
ကုတ်နံပါတ်အားရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့
ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-
No comments:
Post a Comment