နေပြည်တော် ဇွန် ၁
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ လှူဒါန်းရန်အတွက် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ စုဖွဲ့ပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုသည်။ အဆိုပါ လှူဒါန်းပစ္စည်းများအား တိုင်းစစ်ဌာနချုပ်မှ မော်တော်ယာဉ်များဖြင့်သယ်ဆောင်၍ ပုသိမ်မြို့မှရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်သို့ပို့ဆောင်ပြီး ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို ဆက်လက်ပေးပို့လှူဒါန်း မည်ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ လှူဒါန်းသည့် အပင်မျိုးစုံ ၄၉၁၇၆ ပင်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ဟိုင်းကြီးကျွန်းမြို့၊ ကမ်းထိုးရပ်မှ စစ်ရေယာဉ်ဖြင့်သယ်ဆောင်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လေဘေးသင့်ဒေသများကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment