သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့
ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်
ပူးပေါင်း၍ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ကျောင်းတိုက်၌ ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အမှတ် ၃ ဆိပ်ကမ်းတံတားဘေးရှိ
ရေဆိုးမြောင်းအတွင်း၌ အမှိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းအဖွဲ့ လုပ်ဆောင်ချက်များအား ဒုတိယဗိုလ်ချုပ်ကြီးလူအေး
လာရောက် စစ်ဆေးကြည့်ရှုသည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့်
ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြို့တွင်းကားလမ်းမ ဝဲ/ယာ၌ သစ်ပင်၊ သစ်ကိုင်းများနှင့်
ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသည့်
ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍
သာသနာ့ဗိမာန်ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ စစ်တွေမြို့သို့ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပါဒလိတ်ကျေးရွာ၌
သစ်ပင်၊ သစ်ကိုင်းများနှင့်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း
လုပ်ငန်းများနှင့် အောင်မင်္ဂလာကျေးရွာရှိ ဒေသခံပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
No comments:
Post a Comment