Monday, June 26, 2023

အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်လျှောက်ထားနိုင်

 

နေပြည်တော် ဇွန် ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက သက်ကြီးပုဂ္ဂိုလ်များ ဝင်ငွေလုံခြုံမှုရှိစေရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်း နိုင်စွမ်းရှိစေရန်နှင့် ကျန်းမာရေးဝန်ဆောင်မှုများ ရယူနိုင်စေရန်ရည်ရွယ်၍ လူမှုရေးပင်စင် ထောက်ပံ့မှု အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် ၉၀ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ပေးလျက်ရှိရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ အသက် ၈၅ နှစ်နှင့် အထက်ပြောင်းလဲ၍ တစ်ဦးလျှင် တစ်လ ကျပ် ၁၀,၀၀၀/-နှုန်း ဖြင့် ၃ လတစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်ကြိမ်လျှင် ကျပ် ၃၀,၀၀၀/- နှုန်းဖြင့် (၂) ကြိမ်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လူမှုရေးပင်စင် လျှောက်ထားလိုသူ သက်ကြီးဘိုးဘွားများအနေဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုစာရင်း(ပုံစံ ၆၆(ဃ))နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ် လူမှုဝန်ထမ်ရုံးများတွင် လျှောက်ထားနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။         

R&D                                                                          

No comments:

Post a Comment