စစ်တွေ မေ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့နယ် မင်းဂံ-မှန်စီ ကျေးရွာလမ်း ၃/၂ မိုင်ပေါ်ရှိ မုန်တိုင်းဒီရေကြောင့်ပျက်စီးသွားသော ကွန်ကရစ်တံတားနေရာ၌ ပေ ၅၀ ဘေလီတံတား အစားထိုး တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။အဆိုပါ ဒါးပိုင်ချောင်းကူး ပေ ၂၀ ကွန်ကရစ်တံတားသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်ခဲ့သောတံတားဖြစ်ပြီး မင်းဂံ-မှန်စီ ကွန်ကရစ်လမ်းသည်လည်း စည်ပင်သာယာအမှိုက်သိမ်းယာဉ်များ ဖြတ်သန်းအသုံးပြုနေသောလမ်း ဖြစ်သည်။ ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီဘေလီတံတား ပြန်လည်တည်ဆောက်ပေးလျက်ရှိရာ အမြန်ပြီးစီးရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့်
ဒုတိယဝန်ကြီးသည် ကျေးတောပိုက်စိပ်ရပ်ကွက်၌ ဆိုလာသုံးရေသန့်စက်သုံးလုံးဖြင့် ရပ်ကွက်နေပြည်သူများ
သန့်ရှင်းသောသောက်သုံးရေ ပေးဝေမှုကိုလည်းကောင်း၊ ဆက်လက်၍ မင်းဒရားချိတ်ရပ်ကွက်၊ ရွာကြီး
မြောက်ရပ်ကွက်တို့တွင် ရွေ့လျားရေသန့်ယာဉ်ဖြင့် ရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း
လိုက်လံအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment