စစ်တွေ မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများမှဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်၍ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ
ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် စစ်တွေမြို့မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတားရှင်းလင်းဆောင်၌ကျင်းပသည့်
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
လက်အောက်ရှိဌာနများမှဝန်ထမ်းများအား ထောက်ပံ့ငွေနှင့်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့
တက်ရောက်သည်။
အခမ်းအနားတွင်
ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မိမိတို့ ဌာနများတွင်လည်း
အုပ်ချုပ်မှု အဆောက်အဦများ၊ လူနေ အဆောက်အဦများ ထိခိုက်ပျက်စီး မှုရှိ ခဲ့ပါကြောင်း၊
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက်
ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပေးအပ်သည့် ထောက်ပံ့ငွေများသည်
လတ်တလော အရေးပေါ်သုံးစွဲရမည့်ကိစ္စရပ်များအတွက် အထောက်အပံ့ဖြစ်စေရန် ပေးအပ်ခြင်းဖြစ်ပါကြောင်း၊
ထို့ကြောင့် မုန်တိုင်းဒဏ်သင့်အခြားဒေသများသို့ ဆောလျင်စွာပေးပို့ထောက်ပံ့သွားရန် လိုအပ်ပါကြောင်း
ပြောကြားသည်။
ထို့နောက်
ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကိုပေးအပ်ရာ ဌာနအလိုက်တာဝန်ရှိသူများကလက်ခံရယူကြပြီး
ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက်
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ တံတား၌ AQUARIUS သင်္ဘောပေါ်မှပြန်လည်ထူထောင်ရေး
လုပ်ငန်းများတွင်အသုံးပြုမည့်ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ဆိပ်ကမ်းပေါ်သို့ပို့ဆောင်နေမှုအခြေအနေများကို
ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍
ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးထိန်လင်းတို့နှင့်အတူ စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းသို့သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် စစ်ရေယာဉ် မြစ်ကြီးနားဆိုက်ရောက်မှုအခြေအနေကို
ကြည့်ရှုစစ်ဆေးပြီးရောက်ရှိလာသည့် ပြန်လည်ထူထောင်ရေးပစ္စည်းများအား ဘေးသင့်ဒေသများသို့
ဆောလျင်စွာဖြန့်ခွဲပေးပို့နိုင်ရေး စနစ်တကျစီမံဆောင်ရွက်သွားကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊
ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ကျင်းပသည့်
သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက်
တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များပေါ်လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သမဝါယမနှင့်ကျေးလက်
ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း ဒဏ်သင့်မြို့ရွာများ
သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊ Life Straw (ရေနောက်မှရေကြည်သို့
သန့်စင်ပေးသည့်) ရေသန့်စက်များ၊ ဆိုလာစနစ်သုံး ရွေ့လျားရေ သန့်စက်များဖြင့်
ဖြန့်ဝေပေးလျက်ရှိသည်။
ရွေ့လျားရေသန့်ကားများကို
စစ်တွေမြို့နယ်တွင်သုံးစီး၊ ရသေ့တောင်မြို့နယ်တွင် နှစ်စီး၊မင်းပြားမြို့နယ်တွင် တစ်စီးဖြန့်ခွဲပေးပို့ထားပြီး
ထပ်မံရောက်ရှိလာမည့် ရွေ့လျားရေသန့်ကား သုံးစီးကိုလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့်
မြောက်ဦးမြို့နယ် များသို့ အမြန်ဆုံးပေးပို့သွားမည် ဖြစ်သည်။
အဆိုပါ
ရွေ့လျားရေသန့်ကားများသည် တစ်နာရီလျှင် ရေဂါလန် ၈၀၀ သန့်စင်ပေးနိုင်ပြီး မေ ၁၆ ရက်မှ
၃၁ ရက်အထိ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အသီးသီး၌ သန့်ရှင်းသော သောက်သုံးရေ
ဂါလန် ၂၈၅၅၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်သည်။
အလားတူ
လျှပ်စစ်ဓာတ်အား မလိုအပ်သည့် တစ်နာရီလျှင် ၃ ဂါလန်ခန့် သန့်စင်ပေးနိုင်သော Life
Straw (ရေနောက်မှရေကြည် သို့ သန့်စင်ပေးသည့်) ရေသန့်စက် အလုံး ၂၁၀ ကို စစ်တွေ၊
ပုဏ္ဏား ကျွန်း၊ ရသေ့တောင်၊ ကျောက် တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက် တော၊ ဘူးသီးတောင်၊
မောင်တောနှင့်မြေပုံမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၁၄၃ ရွာသို့ ဖြန့်ခွဲ ပေးပို့ထားပြီး
ယင်းရေသန့်စက်တစ်လုံးသည် လူဦးရေ ၁၀၀ အတွက်
တစ်နေ့တာသောက်သုံး ရန်ရေကို လုံလောက်စွာသန့်စင်ပေးနိုင်ကြောင်း သိရသည်။
ထို့အတူ
မြေသားရေစုကန်မှ နောက်ကျိနေသော ရေများကိုစုပ်ယူသန့်စင်ပေးနိုင်သည့် ဆိုလာသုံးရွေ့လျားရေသန့်စက်သုံးစုံဖြင့်
စစ်တွေမြို့ပေါ်ရှိရပ်ကွက်များ၌ လှည့်လည်သန့်စင် ဖြန့်ဝေပေးလျက်ရှိပြီး အဆိုပါရေသန့်စက်များသည် တစ်နာရီလျှင် ဂါလန် ၃၀၀ ခန့် သန့်စင်ပေးနိုင်သည်။ ထို့ပြင်
ဆိုလာစနစ်သုံးရေသန့်စက် ၁၇ လုံး ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ
ကျေးရွာများသို့ဆက်လက်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်သည်။
၂၀၂၃-၂၀၂၄
ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များကို ဇွန် ၁ ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး
မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ကျောင်းအပ်နှံလက်ခံမှုများ ဆောင်ရွက်လျက်ရှိရာရခိုင်ပြည်နယ်အတွင်းရှိ
အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌
ယနေ့အထိအခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းအပ်နှံမှု
အခြေအနေမှာ မြို့နယ် ၁၇ မြို့နယ်တွင် စုစုပေါင်း ၃၇၄၉၀၄ ဦး ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်းနှင့်
ရခိုင်ပြည်နယ်အတွင်းရှိအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွား
မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment