Monday, June 5, 2023

၂၀၂၃ ခုနှစ် အာဆီယံ မိတ်ဖက်မီဒီယာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

 


ရန်ကုန် ဇွန် ၄

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ဇွန် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် “၂၀၂၃ ခုနှစ် အာဆီယံမိတ်ဖက်မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်” (2023 ASEAN Partners Media Cooperation Forum)သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အဆိုပါ ဖိုရမ်ကို တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် (၂၀)ပြည့်အထိမ်းအမှတ်၊ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) (၁၀)နှစ်ပြည့် အထိမ်းအမှတ်တို့ကို ရည်ရွယ်ပြီး တရုတ်ဗဟိုအသံနှင့် ရုပ်မြင်သံကြားဌာန (China Media Group – CMG) နှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရတို့ ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့်အတူ ဦးစီးအရာရှိ ဦးဇော်သက်ထွန်း၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် မှ CEO ဒေါ်နန်းမောက်လောဝ်ဆိုင်း နှင့် GM ဒေါ်တင်ဌေးဦးတို့ လိုက်ပါ သွားကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment