Monday, June 5, 2023

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ တိရစ္ဆာန်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

 


နေပြည်တော် ဇွန် ၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ကော့သောင်းမြို့ တော်ဝင်တံတား၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Yellow Corn ၃၀၀၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၅၃၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဝေါမြို့နယ်အကျော် PUMA ဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား စိစစ်၍ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Mosquito Net ၄၅၀ ကီလိုဂရမ်နှင့် သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Washing Powder ၂၅၀၀ ကီလိုဂရမ်အပါအဝင် လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၈၂၇၁၂) ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂၀၈၂၇၁၂)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ ဇွန် ၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကန့်ဘလူမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကင်းလှည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် နွားထီး ၁၇ ကောင်နှင့် ကျွဲထီးငါးကောင်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ် ရေတပ်လိုင်းခန်းအနီး၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Toyota Crown ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇွန် ၁ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Osaka National Rice Cooker ၁၃၅ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head ယာဉ်တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်(သွင်းကုန်)၌ ဝန်စည်များအတွင်းမှ သွင်းကုန် လိုင်စင်နှင့် FDA ထောက်ခံချက်လိုအပ်သော ပစ္စည်းများဖြစ်သည့် Cheese Emulco ၁၅၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၀၀၀၀)ကိုလည်းကောင်း၊ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Agular Tone Hammer ၁၀ ဒသမ ၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၉၀၀၀၀)ကို လည်းကောင်း(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၅၇၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၆ ရက်၊ ၃၁ ရက်နှင့် ဇွန် ၁ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၉၅၂၇၁၂)ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment