Sunday, June 4, 2023

အနာဂတ်ကိုမြော်တွေး ဘက်စုံပညာရေးဖော်ဆောင်

 


၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး နီးပါး ဖွင့်လှစ်ပေးလိုက် ပြီဖြစ်ပြီး သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို ကျောင်းသား ကျောင်းသူလေးများ သင်ကြားနေကြပြီဖြစ် သည်။ နိုင်ငံတစ်ဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊  ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများအားလုံးပါ ဖွင့်လှစ်၍ ပညာသင်ကြားပေးနေပြီ။

ဇွန်လ ၁ ရက်နေ့ အခြေခံပညာကျောင်းများအားလုံးဖွင့်လှစ်ပြီးနောက်တစ်နေ့ တွင် ကျောင်းသား ကျောင်းသူစုစု ပေါင်း ၆၅၀၇၀၉၇ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျောင်းများတက်ရောက်ကာ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသားကျောင်းသူ များအား သက်ဆိုင်ရာအတန်း များအလိုက် သင်ရိုးညွှန်းတမ်းပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ် များနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး အဆင်ပြေ စွာ ပညာသင်ကြားလျက်ရှိသည်။

နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးတိုးတက် ကောင်းမွန်စေရန် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက် ရေးအတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့် တင်ရေး”ဆိုသည့် လူမှုရေးဦးတည်ချက် ကို ချမှတ်အကောင် အထည်ဖော် လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဖြတ်သန်းခဲ့သော ပညာရေးလောကတွင် များသောအားဖြင့် ကျောင်းသား ကျောင်းသူများသည် အတန်းမှန်မှန်အောင်မြင်ကာ အလုပ်အကိုင်အတွက် ဘွဲ့၊ ဒီဂရီ လက်မှတ်ရရှိရေး ဦးတည်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် အရေအတွက်သာရှိပြီး အရည်အချင်း မရှိသော လူသားအရင်းအမြစ်များရှိလာခဲ့သည်။

အနာဂတ်ကာလတွင် နိုင်ငံတော်နှင့်ပညာရေးတိုးတက်မြင့်မားလာစေရန် ဘက်စုံပညာရေး စီမံကိန်းကို နိုင်ငံတော်အစိုးရက ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိသည်။ ဘက်စုံပညာရေး ဆိုသည်မှာ လူတစ်ဦး ချင်းစီ၏ ဘာသာရပ်ဆိုင်ရာ၊ နည်းပညာဆိုင်ရာ တတ်မြောက်မှုကိုသာမက Personal Skills ဟုခေါ်ဆိုသည့် ပင်ကိုအရည်အသွေးများ၊ ကိုယ်ရည်ကိုယ်သွေးများကို ဘက်စုံမြှင့်တင်ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့ပညာရေးသည် တစ်နှစ်တစ်တန်း အောင်မြင်စေရန်သက်သက်သင်ကြားနေသော ပညာရေးမ ဟုတ်သည်ကို အားလုံးသတိ ချပ်ဖို့လိုမည် ဖြစ်သည်။

ဘက်စုံပညာရေးတွင် စဉ်းစားသုံးသပ်တွေးခေါ်မှု (Critical thinking)၊ပြဿနာ ဖြေရှင်းမှု (Problem solving)၊ တီထွင်ဖန်တီးမှု (Creativity)၊ ဆန်းစစ်အကဲဖြတ်မှု (Evaluation)၊ ပိုင်းခြားစိတ်ဖြာသုံးသပ်မှု (Analytical skills)၊ ပူးပေါင်းဆောင်ရွက်မှု (Collaboration)၊ အလိုက်သင့်ဆောင်ရွက်တတ်မှု (Adaptability)၊ လူမှုဆက် ဆံရေး (Social skills)၊ စိတ်ခံစား ချက်နားလည်မှု (Emotional intelligence)၊ တရားမျှတမှု (Justice)၊ လောကနီတိဆိုင်ရာ အပြုအမူ (Ethical behavior)နှင့် ဦးဆောင်တတ်မှု (Leadership)အစရှိသည့် ဘက်စုံ ကျယ်ပြန့်သော အရည်အသွေးများ၊ စွမ်းရည်များ၊ ကိုယ်ရည်ကိုယ်သွေးများ စသည်တို့ ပြည့်စုံစွာပါဝင် လာသည်။

သို့ဖြစ်၍  ယနေ့အကောင်အထည်ဖော်နေသော ဘက်စုံပညာရေးသည် မည်မျှအရေးပါပြီး အရေးကြီးအရာ ရောက်သည်ကို ခန့်မှန်းကြည့်နိုင်သည်။ ထို့ကြောင့် ကျောင်းသား၊ ဆရာ၊ မိဘ အုပ်ထိန်းသူတို့၏ အခန်းကဏ္ဍမှာ အလွန်ပင် ကျယ်ပြန့်နက်ရှိုင်းပေသည်။ နိုင်ငံတော်အနာဂတ် အတွက် အဆိုပါရည်မှန်းချက် ထားကာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ ဖြစ်တည် နေသော လူသားအရင်း အမြစ်အခြေအနေပေါ်မူတည်၍ ကျောင်းနေ အရွယ်ကလေး အားလုံး ပညာသင်ယူခွင့်ရရှိရေး၊ အနည်းဆုံး အလယ်တန်းအဆင့်(KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးနှင့် အနာဂတ်ပညာရေး ပိုမိုကောင်းမွန် လာစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တက်ညီလက်ညီ ကြိုးစားဆောင်ရွက်သွား မည်ဆိုပါက မျှော်မှန်းထားသည့်အတိုင်း အောင်မြင်လာမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဘက်စုံပညာရေးရည်မှန်းချက်အောင်မြင်စေရန် အဘက်ဘက်တွင် ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိပြီး ဘက်စုံပညာသင်ကြား ပေးနိုင်ရန် သင်ကြားနည်း စနစ်များနှင့် အရည်အသွေး ရှိသောဆရာများ မွေးထုတ် ပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေး လျက်ရှိသည်။ ကျောင်းသား ကျောင်းသူများ အနေဖြင့် စဉ်ဆက်မပြတ်ကြိုး စားအား ထုတ်ကြရန်လိုပြီး မိဘများအနေဖြင့် အနာဂတ်ကိုမြော်တွေး၍ လမ်းခင်းပေးရန်လို အပ်ရာ အားလုံးလက်တွဲပူးပေါင်း၍ ဘက်စုံပညာရေးအောင်မြင်အောင် ကြိုးပမ်းရမည်ဖြစ် ပါကြောင်း။  

ကြေးမုံ(အယ်ဒီတာ့အာဘော်)

No comments:

Post a Comment