ရန်ကုန် ဇွန် ၃
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်နှင့် မိဖုရား ထိုင်းနိုင်ငံအစိုးရ၊ ထိုင်းကြက်ခြေနီ အသင်း၊ ထိုင်း- မြန်မာ ချစ်ကြည်ရေး အသင်း၊ ထိုင်းပုဂ္ဂလိကကဏ္ဍနှင့် ထိုင်း ပြည်သူများက မိုခါမုန်တိုင်း ဒဏ်သင့် ဒေသရှိ ပြည်သူများထံသို့ ပေးပို့လှူဒါန်း သည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်းကို ဗိုလ်တထောင်မြို့ နယ် မိသားစုရပ်ကွက် ကမ်းနားကွန် ကရစ်လမ်း ဗိုလ်အောင် ကျော်ဆိပ်ကမ်း တွင် ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက် သည်။
ရှေးဦးစွာ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ကို မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump က ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ထိုင်းနိုင်ငံမှ ယခုလို လူသားချင်း စာနာထောက် ထားပြီး ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းအတွက် ကျေးဇူးတင် ရှိပါကြောင်းနှင့် နိုင်ငံတော် အစိုးရ၏ ထိရောက်သော စီမံခန့်ခွဲမှု၊ ဝန်ကြီးဌာန များ၊ ပြည်သူများ၏ စုပေါင်းစွမ်းအား များဖြင့် မုန်တိုင်း ဒဏ်၏ ဆိုးကျိုးများကို ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများ နှင့် လူမှုစီးပွားဘဝကိုလည်း ပုံမှန် အခြေအနေသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ထိုင်းနိုင်ငံသံအမတ်ကြီးက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ဖြစ်သည့် စားသောက် ကုန်ပစ္စည်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်သည်။
အဆိုပါ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများမှ ငါးကြော် ၄၈ ဖာ၊ ကြက်ဥ ပြုတ် ၁၆ ဖာ၊ တူနာငါး သေတ္တာ ၃၄ ဖာ၊ မုန်ညင်းချဉ်စည်သွတ်ဖာ ၁၀၀၊ ဖယောင်း တိုင် လေးဖာ၊ ဓာတ်မီး နှစ်ဖာ၊ ဆန် ၁၆၇ ဖာ၊ ကြက်ကြော် ၃၈၄ ဖာ၊ ငါးသေတ္တာ ၁၈၆၃ ဖာ၊ ခေါက်ဆွဲခြောက်ဖာ ၁၅၃၀၊ MILLET SNACK ဖာ ၂၀၊ ဂျယ်လီဖာ ၅၀၊ PUFFED RICE STICK ခြောက်ဖာ၊ ရေသန့် ၁၅ ဖာ၊ TEA BAG ၁၀ ဖာ၊ ငါးသေတ္တာဘူး ၁၀၀၀၀ တို့ဖြစ်ပြီး မြဝတီမှတစ်ဆင့် မော်တော် ယာဉ်များဖြင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့ သယ်ဆောင်လာခြင်းဖြစ်ပြီး မိုခါ မုန်တိုင်း ဒဏ်သင့်ဒေသများရှိ ပြည်သူ များထံသို့ ဆက်လက်ပေးပို့ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)
No comments:
Post a Comment