Monday, June 19, 2023

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်ရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်ခဲ့သည့် တရားခံများအား လက်နက်/ခဲယမ်း၊ ရွှေထည်ပစ္စည်းများနှင့်အတူ ၅ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၉

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက်ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ) ရပ်ကွက်၊ မေဒါဝီလမ်းရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမား (စိစစ်ဆဲ) ကျား ၃ ဦးမှ ပစ္စတို ၂ လက်ကိုင်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ဧည့်ကြိုဝန်ထမ်း ၂ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ ခန့်) တို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

 









သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ပြခြိမ်းခြောက်ဓားပြတိုက် လုယက်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တရားမျှတမှုကိုလိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဓားပြတိုက်လုယက်သူများသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်၊ ရွှေဂုံတိုင် လမ်းရှိ “အကယ်ဒမီ” ဟိုတယ်၌ ရောက်ရှိခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ကိုကိုအောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ပပလှိုင်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက်ရာတွင်ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ကောင်းထက်စံ (ခ) တရုတ်ကြီးအား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၂) ရပ်ကွက်၊ နဝရတ်လမ်း၊ အိမ်အမှတ် (၂/၂၀၆) ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ ကျော်ဇင်လတ် ကောင်းမြတ် (ခ) Blankဖြိုးကိုကိုနှင့် ကျော်ဇင်ဝေတို့အား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၅) ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်း၊ တိုက်အမှတ် (၁၀၁) တွင်လည်းကောင်း M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့်၊ ဓားပြတိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ဖမ်းဆီးရမိတရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် စောဂျိုးဇက် (ခ) ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့နှင့်အတူ M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့်တို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း အကြမ်းဖက်မှုကိုမလိုလားသည့် တာဝန်သိပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန်အဟုန်မြှင့်စစ်ဆေးရှာဖွေမှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအားထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment