အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အက်ပလီကေးရှင်းနည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ တွင် အသုံးပြုနေပြီဖြစ်သော် လည်း နိုင်ငံတော်အနေဖြင့်လည်းကောင်း၊ ပြည်သူများ အနေဖြင့် လည်းကောင်း တွင်တွင်ကျယ်ကျယ်ဖြစ် မလာသေးပေ။ ကမ္ဘာတစ်ဝန်းလုံး တွင် နည်းပညာ စနစ်ကို တက်လှမ်းနေကြပြီဖြစ်ရာ အစစအရာရာတွင် အက်ပလီ ကေးရှင်းနည်းပညာဖြင့် လူမှုစီးပွား ဘဝများ၌ ဆက်သွယ်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ ယခုအခါ အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ရသည့် အောင်ဘာလေ အွန်လိုင်း သိန်းဆုထီစနစ်ကို နိုင်ငံတော် တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
အများပြည်သူတို့အနေဖြင့် အွန်လိုင်းနည်းပညာကို နေ့စဉ်အသုံးပြုလျက်ရှိရာ၌ မိမိတို့အတွက် လည်းအကျိုးရှိ၊ နိုင်ငံတော်အတွက်လည်းအကျိုးများမည့် အောင်ဘာ လေအွန်လိုင်းသိန်းဆုထီကို စတင်စမ်းသပ်အသုံး ပြုကြည့်ရန် တိုက်တွန်းလိုက်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် တိုးတက်နေသော နိုင်ငံများနည်းတူ အီလက် ထရွန်နစ် စနစ်ကို အပြည့်အဝအကောင် အထည် မဖော်နိုင်သေးပေ။ အကောင်အထည်မဖော် နိုင်မီစပ်ကြား တွင် အွန်လိုင်းထီစနစ်ကို အကောင် အထည် ဖော်နိုင်ရေးအတွက် ယခင်ကာလများက နိုင်ငံတော် အဆင့် ဆွေးနွေး မှုများပြု လုပ်ခဲ့သော်လည်း ထီဥပဒေပြဋ္ဌာန်းထားခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အကောင် အထည် ဖော် နိုင်ခြင်းမရှိခဲ့ပေ။
ပြည်သူများအနေဖြင့် မိုဘိုင်းတယ်လီဖုန်းများကိုအသုံးပြုပြီး အက်ပလီကေး ရှင်းအမျိုးမျိုးတို့ကို အသုံးပြုနေကြပြီဖြစ်၍ နိုင်ငံတော်က တရားဝင်လစဉ်ဖွင့်လှစ် ပေးလျက်ရှိသော အောင်ဘာလေ သိန်းထီကို ပြည်သူများ လွယ်လင့်တကူအသုံးပြု နိုင်ရန် စတင်လိုက်ပြီဖြစ်သည်။ ပြည်သူများ အနေဖြင့် အောင်ဘာလေထီကို အွန်လိုင်း ထီအက်ပလီကေးရှင်းမှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး သတ်မှတ်ဈေးနှုန်း အတိုင်း လွယ်ကူအဆင်ပြေစွာ ကံစမ်းနိုင်ကြပြီဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် လက်ရှိအောင်ဘာလေ သိန်းဆုထီ လက်မှတ်များကို ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့်စနစ်အပြင် ပြည်သူအားလုံး အွန်လိုင်းမှတစ်ဆင့် လွယ်ကူစွာကံစမ်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အောင်ဘာလေအွန်လိုင်းသိန်းဆုထီ အက်ပလီကေးရှင်းကို အသုံးပြုပြီး ကံစမ်း သူများအနေဖြင့် ထီလက်မှတ် ဝယ်ယူခြင်း၊ ထီဖိုးငွေပေးခြင်းမှအစ ထီဆုငွေရယူ ခြင်းအဆင့်အထိ ရိုးရှင်းလွယ် ကူစွာ ဆောင်ရွက်နိုင် မည်ဖြစ်သည်။ လဆန်းထီဖွင့်ပွဲ ကျင်းပချိန်တွင် ထီတိုက်ရန်မလိုဘဲ ကံထူးသူပြည်သူများ၏ မိုဘိုင်းတယ်လီ ဖုန်းများ သို့ SMS ပေးပို့၍ အကြောင်းကြား ပေးမည်ဖြစ် သည်။ ထီဆုငွေထုတ်ယူရာတွင်လည်း မှန်ကန်လွယ်ကူစေရေးအတွက် ပမာဏနည်းသည့် ထီဆုကြေး ငွေများကို အွန်လိုင်း မှ လွှဲပြောင်းပေးခြင်း၊ ထီကံထူးသူများ၏ ဘဏ်စာရင်း အကောင့်သို့ ပေးပို့ခြင်းတို့ကို အီလက်ထရွန်နစ်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အွန်လိုင်းအသုံးပြုမှုများကို ပြည်သူများ ပိုမိုအသုံးပြုလာကြပြီး တရားမဝင်ငွေ ကြေးဝန်ဆောင်မှု များ၊ စီးပွားရေးလုပ်ငန်းများ၊ လောင်းကစားနည်း အမျိုးမျိုးတို့ကို ပြုလုပ် လာကြရာ အလိမ်အညာများနှင့် လှည့်စားမှုများ အမျိုးမျိုး ကြုံတွေ့ရသဖြင့် ပြည်သူများ နစ်နာဆုံးရှုံးမှု များရှိခဲ့သည်။ ယခုအောင်ဘာလေ အွန်လိုင်းသိန်းဆုထီအက်ပလီကေးရှင်းကို စတင်နိုင်ခြင်း၏အကျိုးဆက် အနေဖြင့် အနာဂတ်တွင် နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှု တိုးတက်စေရေး၊ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်စေရေး၊ ငွေသား ကိုင်တွယ်အသုံးပြုမှု လျှော့ချစေရေး အစရှိသည့် ကောင်းကျိုးများ စွာတို့ကို ရရှိစေ မည်ဖြစ်သည်။
နိုင်ငံတကာတွင် ဒစ်ဂျစ်တယ်နည်းပညာအမျိုးမျိုးဖြင့် လူမှုစီးပွားရေးနယ်ပယ် အမျိုးမျိုး၌ စဉ်ဆက်မပြတ် လုပ်ကိုင်နေသည့်အချိန်တွင် မြန်မာနိုင်ငံ၌လည်း အွန်လိုင်းထီစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း အားဖြင့် ထီကံစမ်း လိုသူများအနေဖြင့် မည်သည့်နေရာသို့ ရောက်ရှိနေ သည်ဖြစ်စေ ခက်ခဲပင်ပန်း အကုန်အကျခံကာ သွားရောက်ထီထိုးရန်မလိုတော့ဘဲ မိမိတည်ရှိရာနေရာမှပင် မိမိတို့စိတ်ကြိုက် ထီအက္ခရာ၊ ထီဂဏန်းနံပါတ်များကို ရွေးချယ်ဝယ် ယူနိုင်ပြီဖြစ်၍ မြို့ပြနှင့်ကျေးလက်နေပြည်သူများအားလုံး အဆင်ပြေလွယ်ကူစွာ ကံစမ်းနိုင်ပြီ ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် မိုဘိုင်းငွေပေးချေမှု စနစ်များအသုံးပြုပြီး လွယ်ကူစွာ ထီကံစမ်းနိုင်သည့် Digital Lottery Platform စနစ်ကို စတင်မိတ်ဆက် အသုံးပြုနိုင်ပြီဖြစ်ရာ ပြည်သူများ အနေဖြင့် မိမိတို့၏ ကံကောင်းခြင်းများအား အလွယ်တကူ ထုတ်ဖော်အသုံးပြုနိုင်ပြီး မြန်မာနိုင်ငံ တွင် စွဲမြဲစွာ လုပ်ကိုင်လျက်ရှိသည့် ငွေသားကိုင်တွယ် အသုံးပြုမှုတို့ကို လျှော့ချနိုင်သည့် အကျိုးများရကာ ခေတ်မီတိုးတက် သည့် နည်းပညာခေတ်ကို တက်လှမ်းနေပြီဖြစ်ပါ ကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)
No comments:
Post a Comment