၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
၂။ ထိုသို့ကြေညာရာတွင် အခြားသောအီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့်
မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လှူဒါန်းနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး
ထပ်မံအသိပေးကြေညာသွားမည်ဟု ပါရှိပါသည်။
၃။ လှူဒါန်းရာတွင် ယခင်ကြေညာထားသည့် ဖုန်းနံပါတ်နှင့်
ဖွင့်လှစ်ထားသည့်အကောင့်သို့ လှူဒါန်းမှု ပြုနိုင်ရေးကြေညာထားပြီး
ဖုန်းနံပါတ်ဖြင့်လှူဒါန်းမှုပြုလုပ်ခြင်းမှာ ရောထွေးနိုင်သဖြင့် ဖုန်းနံပါတ်အစား QR ဖြင့် လှူဒါန်းနိုင်ရေး
ဆောင်ရွက်ထားပြီးဖြစ်ပါသည်။
၄။ KBZ Pay ၊ Wave Money တို့ဖြင့်
လှူဒါန်းနိုင်ပြီး လှူဒါန်းလိုပါက KBZ Pay ၊ Wave
Money တို့၏ QR အား Scan ဖတ်ခြင်း၊ QR တွင် ပါဝင်သော ကုတ်နံပါတ်အားရိုက်ထည့်၍
လှူဒါန်းခြင်းများ ဆောင်ရွက် နိုင်ပါသည်။
၅။ ယခုအခါ ပြည်သူများလှူဒါန်းမှုပြုလုပ်ရာတွင် ပိုမိုအဆင်ပြေစေရေး
ပြည်သူများအသုံးပြုမှု များပြားသည့် CB Pay ၊ AYA Pay၊ OK
$ ၊ UAB pay နှင့် Citizens Pay တို့ဖြင့်လည်း လှူဒါန်းနိုင်ရေး ဆောင်ရွက်ထားပြီးဖြစ်သဖြင့် QR အား Scan ဖတ်ခြင်း၊ QR တွင်ပါဝင်သော
ကုတ်နံပါတ်အား ရိုက်ထည့်၍ လှူဒါန်းခြင်းများ ဆောင်ရွက်နိုင်ပါသည်။
၆။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့
ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပါသည်-
No comments:
Post a Comment