Friday, June 9, 2023

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၈

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ရေး၊ ဇွန် ၈ ရက်တွင် ကျရောက်သည့် မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၃) နှစ်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့် စာလွှာများအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် ကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးမြှင့်တင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်များအောက်မှ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

သတင်းစဉ်

No comments:

Post a Comment