Friday, June 9, 2023

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် ဇွန် ၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁၀-၆-၂၀၂၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅) ၊ အမှတ် (၂၃) တွင် မိခင်ကို အလုပ်အကျွေးပြုနေသောသူကို ဓားပြများကပင် အတုယူပြီး ပြန်လည်ကူညီ ပေးသည့်အကြောင်း တင်ဆက်ထားသည့် “သားလိမ္မာ” မျက်နှာဖုံးကာတွန်း၊ လိမ်လည် ကောက်ကျစ်ခြင်းနှင့် ပရိယာယ်သုံးခြင်း ကိုမနှစ်သက်ဘဲ ရိုးသားပြီးတိကျမှုကို နှစ်သက်သော အဘိုးအိုနှင့်ကတိမတည်သော လူငယ်လေးအကြောင်း တင်ဆက်ထားသည့် “အကြံပိုင်၍ အကြွေးပြန်ရခြင်း” နှစ်မျက်နှာ ကာတွန်း၊ ဗဟုသုတစုံလင်သည့် ရွှေသွေးဂျာနယ်ကို ကလေးတို့ဖတ်သင့်သည့်အကြောင်း ရေးသားထားသည့် “ဘုန်းဆင့်-ကလေးတို့ ဖတ်စရာ” တစ်မျက်နှာကာတွန်း၊ ဘုရင်ကြီးသည် ပညာရှိအမတ်ကြီးအား ပညာစမ်းလို၍ အားလုံးဆင်တူနေသော မြင်းသားအမိအား ခွဲခြားခိုင်းသည့်အကြောင်း တင်ဆက်ထားသည့် “အမေ” နှစ်မျက်နှာကာတွန်း၊ မျက်စိဆရာဝန်ကြီးမှ သွားဆရာဝန်အဖြစ် ရည်ရွယ်ချက်ပြောင်းသွားသည့် ဖြိုးရဲအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “သွားဆရာဝန်” နှစ်မျက်နှာကာတွန်း၊ ကျောင်းသို့ ကျန်းမာရေးလာစစ်သောအခါ မျက်စိ၏ အရောင်မှာ အညိုရောင်ဖြစ်နေသည်ကို ပြန်ဖြေလိုက်သည့် ပေါ်ဝိုင်း၏အဖြေကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “အရင်အတိုင်းပါပဲ” မျက်နှာဝက်ကာတွန်း၊ မိမိဖတ်ရှုပြီးသော စာအုပ်များကို စုဆောင်းကာ စာကြည့်တိုက်သို့လှူဒါန်းသည့် ကလေးငယ်အကြောင်း ရေးဖွဲ့ထားသည့် “စာအုပ်အလှူ” ကဗျာကဏ္ဍ၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင် ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင် ၄၀၀ ကျပ်ဖြင့် စာပေဗိမာန် စာအုပ်အ‌ရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment