Tuesday, May 30, 2023

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း MSME လုပ်ငန်းလမ်းညွှန်မှာ ကြားချက်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

 



နေပြည်တော် မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ MSME လုပ်ငန်းလမ်းညွှန် မှာကြားချက်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားပြီး နေပြည်တော်ကောင်စီရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလွင်က မေလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ MSME လုပ်ငန်းများ၏ လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ လမ်းညွှန် မှာကြားချက် ၂၇ ချက်နှင့် MSME လုပ်ငန်းရှင် ၉ ဦး တင်ပြချက် ၁၃ ချက်အား ရှင်းလင်းဆွေးနွေး တင်ပြရာ  နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)

No comments:

Post a Comment