နေပြည်တော် မေ ၁၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း (Foreign Correspondent Club of Japan - FCCJ) ၏ ဥက္ကဋ္ဌဟောင်း Mr. KHALDON AZHARI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ရှင်းလင်းပြောကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေများ၊ အရှေ့အလယ် ပိုင်းဈေးကွက်နှင့် ဆက်စပ်ဆောင်ရွက်နိုင်မည့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး Mr. KHALDON AZHARI က သိရှိလို၍ မေးမြန်းသည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်အလားအလာများကို ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment