Saturday, May 20, 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

 


နေပြည်တော် မေ ၁၉

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများကို လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် တစ်စင်းသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World Bank မိုးကာလိပ် ၆၀၊ World Bank (5.5m X 6m) မိုးကာစ ၅၀၊ World Bank မိုးကာတဲကိုးလုံး၊ စင်ကာပူ မိုးကာတဲအလုံး ၃၀၊ ကျားဝတ်လုံချည်အထည် ၁၀၀၀၊ မဝတ်လုံချည်အထည်၁၀၀၀၊ တီရှပ်အထည် ၂၀၀၀၊ စောင်အထည် ၁၀၀၀၊ တဘက်အထည် ၁၀၀၀၊ ခြင်ထောင်အထည် ၁၀၀၀၊ ဆပ်ပြာတောင့် ၁၀၀၀၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီအလုံး ၂၀၊ ဓာတ်ဆီ ငါးလုံး စုစုပေါင်း ၁၀ တန်တို့ကို ရေချမ်းပြင်ချောင်းဝအနီးမှတင်ဆောင်ပြီး ထွက်ခွာလာခဲ့ရာ ရသေ့တောင်သို့ မေ ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့သည်။

အလားတူ ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသန့်စက်ယာဉ် တစ်စီး၊ CANOPY အမိုးစိမ်းအထည် ၈၀၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက်ရှစ်ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ်နှစ်စည်းစုစုပေါင်း ၁၇ ဒသမ ၅ တန်တို့ကိုလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်တစ်စင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ရေသယ်ယာဉ်တစ်စီး၊ CANOPY အမိုးစိမ်းအထည် ၈၀၊ ၆၀ ဆံ့ မိုးကာတဲ ၂၅ ခု၊ မိုးကာတဲဂျွိုင်းဆက် ခုနစ်ထုပ်၊ မိုးကာတန်း ၂၅ စည်း၊ မိုးကာငုတ် နှစ်စည်းစုစုပေါင်း ၁၅ တန်တို့ကိုလည်းကောင်း စစ်တွေမြို့၌ တင်ဆောင်ထွက်ခွာလာပြီး ရေချမ်းပြင်မှတစ်ဆင့် ရသေ့တောင်သို့ မေ ၁၉ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကာ မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ အမြန်ဆုံးဆက်လက်ဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment