နေပြည်တော် မေ ၁၉
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအားလိုအပ်သည့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ တပ်ဖွဲ့တင်ရေယာဉ်(ချင်းတွင်း)သည် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦး၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦး၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူပြုပစ္စည်းများ၊ ဆန်အိတ် ၂၀၀ နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန် ခန့်တင်ဆောင်၍ ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်-စစ်တွေခရီးစဉ်အတိုင်း ထွက်ခွာကြသည်။
အဆိုပါ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်နှင့် တာဝန်ရှိသူများက လာရောက်ပို့ဆောင်နှုတ်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များအားအမှာစကားပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံသည့်ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ နှင့် ရေသန့်ဘူး ၂၀၀ တို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment