Friday, May 19, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

 


နေပြည်တော် မေ ၁၉

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးမှ ကျန်းမာရေးဝန်ထမ်းများ နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များပါဝင်သည့် အင်အား ၂၅ ဦးနှင့် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပစ္စည်းများ၊ ဘီစကစ်မုန့်များ၊ ဘဲဥ ၅၀၀ ဖာ၊ ဆိုလာ ၁၉ ဖာ၊ ဆေးပစ္စည်း ၉၇ ဖာ၊ ခေါက်ဆွဲခြောက် ၃၀၀ ဖာ၊ ခေါက်ဆွဲ ၁၅၅၄ တွဲ၊ မုန့်မျိုးစုံ ၁၀၀ ဖာ၊ ငါးသေတ္တာ ၅ ဖာ၊ ဆန်ပြုတ် ၁၀ ဖာ၊ ဓာတ်ဆား ၈ အိတ်၊ သွပ်ပြား ၂၆၇ ချပ်၊ စက္ကူဖာ ၃ ဖာ၊ အရေးပေါ်သုံးပစ္စည်းများနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကိုတင်ဆောင်၍ ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် ၉ ခေါက် ပို့ဆောင်ပေးခဲ့သည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၃၅၈ ဦးအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တံတားဦးလေဆိပ်မှ စစ်တွေလေဆိပ်သို့ ယနေ့တွင် တပ်မတော်လေယာဉ်ဖြင့် ၅ ကြိမ် ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့များအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍လည်း အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀၀ ဦးအထိ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသောပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment